IU ဟာအခြားသောIdol တွေနဲ့ မတူတဲ့ ဖက်ရှင်အမြင်ကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။

စတိတ်စင်ပေါ်မှာဆိုရင်တော့ IUဟာ စတိုင်ကျပြီး ချစ်စရာကောင်းတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်တတ်သူတစ်ဦးအဖြစ်လူသိများပါတယ်။

ဒါပေမဲ့လည်းစင်ပေါ်မှာ မဟုတ်တဲ့အချိန်မှာတော့ ထူးထူးခြားခြားပေါ့ပေါ့ပါးပါး ၀တ်ဆင်တတ်ပါတယ်။

IU ဟာ ရီဟာဇယ်အချိန်တွေမှာ ဦးထုပ်လေးဆောင်းပြီးတော့ အနွေးထည်အကြီးကြီးတွေဝတ်ရတာကြိုက်ပါတယ်။

တခါတလေမှာတော့ IUဟာ မိတ်ကပ်ပါးပါးလေး ဒါမှမဟုတ် မိတ်ကပ်မလိမ်းထားဘဲ ထသွားထလာအ၀တ်အစားပဲ ၀တ်ထားပြီး သူရဲ့ နေ့စဉ်ဘ၀ကို ဖြတ်သန်းလေ့ရှိပါတယ်။

IUရဲ့ သူ မတူတဲ့ ဖက်ရှင်အမြင်ကတော့ သူ့ကိုပရိသတ်တွေချစ်ရတဲ့ အဓိကအကြောင်းအရင်းတစ်ခုတောင် ဖြစ်နေပါပြီ။

IU လိုသာအရမ်းကောင်းတဲ့ အသံပိုင်ရှင်ဖြစ်တယ်ဆိုရင်တော့ သင့်ရဲ့ ဖက်ရှင်အမြင်ဘယ်လိုပဲ ဖြစ်နေပါစေ ဘယ်သူကမှ သင့်ကို ဝေဖန်မှာ မဟုတ်ပါဘူး။

Wint(Shwemom)

Soource:Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။