IU လေးက တော့ ၃၅ ကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Golden Disc Awards ဆုပေးပွဲ ပထမ နေ့ မှာ တော့ ဆုတွေ သိမ်းပိုက် နိုင်ခဲ့ပါတယ်။ဇန်န၀ါရီ ၉ ရက်နေ့မှာ ကျင်းပတဲ့ Digital Song Division ဆုပေးပွဲ နေ့ မှာ တော့ IU က Digital Daesang (Grand Prize) နဲ့ Digital Bonsang ဆု တို့ ကို ရခဲ့ပါတယ်။ ဒီ အကြောင်းကိုတော့ Soompi မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

A post shared by 이지금 (@dlwlrma)

IU “သုံးနှစ် အတွင်း Golden Disc Awards ရဲ့ Grand Prize ဆုကို ပထမဆုံး အကြိမ် ရတဲ့ အတွက် ဂုဏ်ယူ မိပါတယ်။တစ်နှစ် ပတ် လုံး ‘Blueming’ သီချင်းကို ချစ်ပေး နားဆင် ပေးကြတဲ့ သူတွေ ကိုလည်း ကျေးဇူး တင်ပါတယ်။ဒီသီချင်းကို ဖန်တီးပေးသူတွေ ကိုလည်း ကျေးဇူး တင်ပါတယ်။ EDAM Entertainment က ကျွန်မရဲ့ မိသားစု ကိုလည်း ကျေးဇူး တင်ပါ တယ်။ဒီနေ့ ကျွန်မရဲ့ တင်ဆက်မှုကို(ဆုပေးပွဲမှာ IU က ဖျော်ဖြေပေးခဲ့) ပံ့ပိုးပေးကြတဲ့ Band Team ၊Dancer Team တို့ ကိုလည်း ကျေးဇူး တင်ပါတယ်။

 

View this post on Instagram

 

A post shared by 이지금 (@dlwlrma)

‘Love Poem’ တင်ဆက် မှု မှာတော့ အနုပညာရှင် တွေ သူတို့ Fan တွေ ဆီ ပို့ ချင် တဲ့ Message တွေ ကျွန်မ ဖော်ပြပေးခဲ့ပါတယ်။ပါဝင်ပေးတဲ့ အနုပညာရှင်တွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ခက်ခဲနေတဲ့ အချိန် တွေ မှာ စိတ်သက်သာရစေ တဲ့ ဒီလို ဂီတ တင်ဆက်မှုတွေ ပြုလုပ်ပေးနေတဲ့ အနုပညာရှင်တွေကို လည်း ကျေးဇူးတင်ပါတယ်။ဂီတကို ကျွန်မတို့ လိုအပ်တယ်..” လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by 이지금 (@dlwlrma)

သူမရဲ့ Comeback Plan အကြောင်းကိုလည်း ဆုပေးပွဲမှာ ထုတ်ပြောခဲ့ပါတယ်။”ကျွန်မ အယ်ဘမ် သစ် ထွက်ဖို့ စီစဉ် နေပါတယ်။Full Album ဖြစ်လိမ့်မယ်လို့ ထင်တယ်။ဇန်န၀ါရီ လထဲမှာ တော့ အနည်းဆုံး သီချင်း တစ်ပုဒ် တော့ ထွက် လိမ့် မယ်လို့ မျှော်လင့်ပါတယ်။အဲ့ဒီသီချင်းက တော့ အခု ချိန်မှာ ပင်ပန်းနေကြတဲ့ သူတွေ အတွက် နှစ်သိမ့် အားပေးမှု တွေ ယူ ဆောင်ပေးနိုင်ပါတယ်။လူတွေ ကို စိတ်လန်းဆန်း တက်ကြွပြီး ခွန်အားပေးနိုင်တဲ့ သီချင်း မျိုး ထွက်ရှိ ပေး နိုင် လိမ့်မယ်လို့ ကျွန်မ ထင်တယ်။ UAENA (IU ရဲ့Fan Club)တို့ ဂုဏ်ယူရတဲ့ အဆိုတော် တစ်ယောက် ဖြစ်လာဖို့ အချိန်ခဏလေးတောင်မှ သတိလက်လွှတ် ဖြုန်းတီးနေမှာ မဟုတ်ပါဘူး..”လို့ IU က ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by 이지금 (@dlwlrma)

#CELENOW