Kim So Yeon က တော့ တကယ်တော်ပြီး အရည်အချင်းပြည့်ဝတဲ့ မင်းသမီးတစ်ယောက်ပါ။သူမရဲ့ အနုပညာ အပေါ် ကြိုးစား အားထုတ် ပြင်ဆင်ပြီးမှ အကောင်းဆုံး ချ ပြတတ်သူ ဆိုတာကို တော့ သူမရဲ့ သရုပ်ဆောင် ချက် တွေကို ကြည့်ရင် သိနိုင်ပါတယ်။ SBS ရဲ့ “The Penthouse” ဇာတ်ကား အတွက် ဘယ်လောက်ထိ ကြိုးစားပြင်ဆင်ခဲ့လဲ ဆိုတာနဲ့ ပတ်သက်ပြီး MBC ရဲ့ “How Do You Play?” မှာ ထုတ် ပြော ခဲ့ပါတယ်။အဲ့ဒီမှာပဲ Yoo Jae Suk က သူမ ဆုရခဲ့တဲ့ Penthouse နဲ့ ပတ်သက်ပြီး အင်တာဗျူး ခဲ့တာပါ။ဒီအ ကြောင်းကို တော့ Soompi မှာ ဖော်ပြထားတာပါ။
View this post on Instagram
Kim So Yeon ရဲ့ သရုပ်ဆောင်ချက်တွေကို ချီးမွမ်း ပြောဆို ခဲ့ ပြီးနောက် မှာ တော့ သူမ ရဲ့ သရုပ်ဆောင် ချက် နဲ့ ပတ်သက်ပြီး အမှတ်တရ ဖြစ် စေတဲ့ ချီးမွမ်း စကား ရှိလား လို့ မေးခဲ့ပါတယ်။ Kim So Yeon က “သူကို ကိုရီးယား ‘Joker’ ဆိုပြီး တစ်စုံ တစ်ယောက်က ချီးမွမ်း ခဲ့ တာကို အမှတ်တရ ရှိ ကြောင်းနဲ့ သူမ အတွက် တော့ ဒါဟာ ကြီးမားတဲ့ ချီးကျူး ပြောဆိုမှု ကြီး ပါလို့ ပြောခဲ့ပါတယ်။ Yoo Jae Suk က စန္ဒရား တီးတဲ့ ဇာတ်ဝင်ခန်းမှာ တကယ်ပဲ တီးခဲ့တာလား လို့ မေးခဲ့ပါတယ်။ Kim So Yeon က “တကယ်တီး ခဲ့တာပါ။ကျွန်မက တကယ် တော့ ဂီတ Musical note ကို မဖတ်တတ်ဘူး..” လို့ ပြောခဲ့ပါတယ်။ Yoo Jae Suk က ဒါဆို ဘယ်လို လုပ် တီးနိုင်တာလဲ လို့ ဆက် မေးခဲ့ပါတယ်။ Kim So Yeon က
View this post on Instagram
“ဇာတ်ညွှန်းကို ဇွန်လမှာ ရ တယ်။သြဂုတ်လ နှောင်းပိုင်း နဲ့ စက်တင်ဘာ အစောပိုင်းမှာ ရိုက်ကူး ရေး တွေ လုပ်တယ်။သူတို့က ကျွန်မ ကို ဒီအခန်း ပါလို့ စန္ဒရား တီးတဲ့ ဒီအပိုင်းလေးကို လေ့ကျင့်ထားသင့်တယ် ဆိုပြီး ပြောလာတယ်။အဲ့ဒါ ကြောင့် အဲ့ဒီ စန္ဒရားတီးတဲ့ အပိုင်း ကို ကျွန်မ ဇာတ်ကားရိုက်ကူးနေ ချိန်မှာ နှစ်လ ခွဲ လောက် လေ့ကျင့်ထားခဲ့တာပါ။ဒီအပိုင်း လေးကိုပဲ လေ့ကျင့်ထားတာ။ဒီအခန်း မှာ ကျွန်မ လက် ချောင်းတွေ ကို သုံးပြီး တကယ် တီးခဲ့တာပါ။ဒါပေမယ့် ကျွန်မ တီးတာက မကျွမ်းကျင် တော့ ဇာတ်ကား မှာကျ တော့ professional audio ကိုပဲ သူတို့ တွေ အသုံးပြု ခဲ့တယ် ..” ဆိုပြီး ပြောခဲ့ပါတယ်။
View this post on Instagram
ဒါပေမယ့် လည်း Kim So Yeon က တော့ စန္ဒရားတီး တဲ့ နေရာမှာ ပီပြင် နေဖို့ အတွက် နှစ်လ လောက် စန္ဒရားတီး တာကို လေ့ကျင့်သင်ယူ ခဲ့ ပါတယ်။ဒီဇာတ်ဝင်ခန်းကို ပြန် ကြည့် တော့ ဘယ်လို ခံစားရလဲ လို့ မေး တော့.”မင်းသမီး တစ်ယောက် အနေနဲ့ ဂုဏ်ယူ စရာကြီးပါ။ဒီလို ဇာတ်ဝင်ခန်းမျိုး သရုပ်ဆောင်ခွင့်ရတာကိုက ဂုဏ်ယူ ဖို့ ကောင်းပါတယ်။ကျွန်မ ကောင်းချီးပေးခံရတယ်လို့ ခံစားရတယ်..” လို့ ပြန်ဖြေခဲ့ပါတယ်။
View this post on Instagram
#CELENOW