ခု​ခေတ်​​နောက်​ပိုင်း မျက်​မှန်​အဝိုင်း​လေး​တွေ​တပ်​တာဟာ Fashion တစ်​ခုလို​ပြန်​ခေတ်​စားလာပါတယ်​။ဒါဟာ မျက်​မှန်​တပ်​လိုက်​ရင်​ပိုကြည့်​လို့​ကောင်းသွားတဲ့ Celebrity ​တွေ​ကြောင့်​လို့ထင်​ပါတယ်​။သူတို့ဟာ မျက်​မှန်​​တွေကို Fashion အတွက်​ဖြစ်​​စေ​၊ မျက်​လုံးအားနည်းလို့ဖြစ်​​စေ တပ်​ကြတာဆို​ပေမယ့်​ သူတို့ရဲ့ မျက်​မှန်​နဲ့လိုက်​ဖက်​မှု​တွေက ပရိတ်​သတ်​​တွေအတွက်​အတုယူဖွယ်​​ကောင်း​လောက်​​အောင်​ပိုချစ်​ဖို့​ကောင်း​နေလို့ပဲဖြစ်​ပါတယ်​။
မျက်​မှန်​​​တွေဟာ Celebrity ​တွေကို အရင်​နဲ့မတူ ပိုချစ်​ဖို့​ကောင်းပြီး ဆွဲ​ဆောင်​မှုပိုရှိ​တဲ့အသွင်​ကိုဖြစ်​​စေပါတယ်​။လေ့လာ​တွေ့ရှိချက်​​တွေအရ မျက်​မှန်​တပ်​တဲ့သူ​တွေဟာ ပို​ဆွဲ​ဆောင်​မှုရှိပြီး မတပ်​တဲ့သူ​တွေထက်​ ပိုပြီးထင်​သာမြင်​သာရှိပါသတဲ့။
ကဲ…ဒါဆို မှန်​မှန်ကိုမတပ်​မဖြစ်​တပ်​​နေရတဲ့သူ​တွေလည်း ကိုယ့်​ကိုယ်​ကို မှန်​​ကြောင်​ဆိုပြီး မလှဘူးမထင်​နဲ့​နော်​။သူများ​တွေမှာကိုယ့်​လိုလှ​အောင်​ လိုက်​တပ်​​နေရတာ။တစ်​ခုပဲ ​ခေတ်​နဲ့အညီ ကိုယ့်​မျက်​နှာ​ပေါက်​နဲ့လိုက်​ဖက်​တဲ့ မျက်​မှန်​ဒီဇိုင်းကို​တော့​ရွေးချယ်​တပ်​​စေလိုပါတယ်​။မျက်​မှန်​မတပ်​ဖူးတဲ့သူ​တွေကလည်း ခု​ဖော်​ပြမယ့်​ မျက်​မှန်​နဲ့အရမ်းဆွဲ​ဆောင်​မှုရှိတဲ့ Celebrity ​တွေကိုကြည့်​ပြီး ပါဝါမလို​တောင်​ အလှမျက်​မှန်​​တွေတပ်​ချင်​စိတ်​​ပေါက်​လာပါလိမ့်​မယ်​။ဒီ​တော့ သင့်​ကိုဆွဲ​ဆောင်​နိုင်​တဲ့ မျက်​မှန်​နဲ့စွန်း​မိုက်​​နေ Cele ​တွေက…
ဝိုး…Chanyeol ချစ်​စရာ​လေး
မျက်​မှန်​နဲ့ပိုချစ်​စရာ​ကောင်း​နေတဲ့ BTS အဖွဲ့ဝင်​ Jimin
ကာတွန်းရုပ်​​လေးလိုချစ်​ဖို့​ကောင်းတဲ့ Red velvet အဖွဲ့ဝင်​ Irene
မျက်​မှန်​နဲ့ပိုခန့်​သွားတဲ့ Monsta X အဖွဲ့ဝင်​ Wonho
Twice အဖွဲ့ဝင်​ Tzuyu ​လေးလည်းမျက်​မှန်​နဲ့လိုက်​တာပဲ
မျက်​မှန်​နဲ့အရမ်းကြည့်​လို့​​ကောင်း​နေတဲ့ KNK အဖွဲ့ဝင်​ Seungjun
ဝိုး…BAP အဖွဲ့ဝင်​ Jongup လည်းမျက်​မှန်​နဲ့လိုက်​တာပဲ
မျက်​မှန်​နဲ့ပို​ဆွဲ​ဆောင်​မှုရှိ​နေတဲ့ Seventeen အဖွဲ့က Wonwoo
ချစ်​ဖို့​ကောင်းလွန်းတဲ့မျက်​မှန်​​လေးနဲ့ EXID အဖွဲ့က Hani ​လေး
စာဂျပိုးရုပ်​​လေးနဲ့ Red Velvet အဖွဲ့က Seulgi
ကဲ…Mamamoo အဖွဲ့က Moonbyul ​လေးကလည်းမျက်​မှန်​နဲ့လိုက်​တာပဲ
Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။