Idol တစ်ယောက်အဖြစ် ပွဲဦးထွက်နိုင်ဖို့ ပုံမှန်အားဖြင့် အနည်းဆုံး  Training ကာလ ဟာ သုံးနှစ်ကနေ လေးနှစ် လောက် အထိ အချိန်ယူရပါတယ်။တစ်ချို့ဆိုရင် training ကာလက (၁၀)နှစ်လောက် တောင် ကြာတွေ ရှိပါတယ်။ဒါပေမယ့် Training ကာလ တစ်နှစ်မပြည့်ခင်မှာပဲ ပွဲဦးထွက်နိုင်ခဲ့တဲ့ Idols တွေရှိပါတယ်။သူတို့ကတော့…

#miss A’s Suzy

Suzy ဟာ JYP ရဲ့ လူသစ်စုဆောင်းမှုမှာ ရွေးချယ်ခံခဲ့ရသူပါ။  Mnet ရဲ့“Superstar K.” audition  မှာအော င်မြင်ခဲ့သူပါ။  JYP ရဲ့ Training ကို (၁၀)လောက်ခံယူပြီးနောက်မှာတော့ အရည်အချင်းပြည့်မီတဲ့ အတွက်  miss A အဖွဲ့ဝင် အဖြစ် ပွဲဦးထွက်နိုင်ခဲ့ပါတယ်။

#EXO’s Baekhyun & Chen

EXO ရဲ့ အဓိကအဆိုရှင်တွေဖြစ်ကြတဲ့  Baekhyun နဲ့ Chen တို့ကတော့  SM Entertainment ကို (၃) ရက်ေ လာက်ပဲ ခြားပြီး ရောက်လာကြသူတွေပါ။ Baekhyun ကတော့ ဂီတတက္ကသိုလ်တစ်ခုရဲ့ Audition ကနေ ပါလာခဲ့ပြီး Chen ကတော့ ကုမ္ပဏီအတွက် အဆိုရှင်သစ်အဖြစ် recommend လုပ်လို့ ရောက်လာသူပါ။သူတို့နှစ်ယောက်ဟာ Training (၄)လပဲ ခံယူပြီး EXO အဆိုတော်တွေအဖြစ် ပွဲဦးထွက်ခဲ့တာပါ။

#GOT7’s Youngjae

တခြားအဖွဲ့ဝင်တွေနဲ့မတူတဲ့အချက်ကတော့ သူများတွေ ကနှစ်နှစ်ထက်မနည်း  training ယူခဲ့ရပေမယ့် Youngjae  ကတော့ (၇)လလောက်ပဲ training ယူခဲ့ရပြီး GOT7 ရဲ့ အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်နိုင်ခဲ့တာပါ။အရင်တည်းက အသံပိုင်း မှာ တော်ပြီးသားဖြစ်တာကြောင့် JYP ကိုရောက်ချိန်မှာတော့ အကdancing skills လောက်ကိုပဲ training ယူခဲ့ရတယ်လို့ ဆိုပါတယ်။

#KARD’s Jiwoo

Jiwoo ဟာ KARD ရဲ့ ပထမဆုံး ထွက်ရှိတဲ့ “Oh Nana” မှာ ပါဝင်ခဲ့သူပါ။DSP Entertainment အတွက် DSP Entertainment မှာ အောင်လဲအောင် တခါတည်း ပါဝင်သီဆိုခွင့်လည်း ရခဲ့တာပါ။သူမရဲ့ vocal ပိုင်းဆိုင်ရာဟာ တခါတည်း ပါဝင်သီဆိုလို့ရတဲ့အထိ အဆင့်မှီနေခဲ့တာပါ။

#BIGBANG ရဲ့  Seungri

BIGBANG ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပြီး training ကာလ (၁၀) လ အပြီးမှာပါ ပွဲဦးထွက်ခဲ့သူပါ။သူဟာ “BIGBANG Documentary,”show နဲ့ လွဲတော့မလိုဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပွဲဦးထွက်ဖို့ အသင့်ရှိေ နတယ်ဆိုပြီး ပါဝင်ခွင့်ပေးခဲ့ပါတယ်။

#Apink ရဲ့ Jung Eun Ji

Jung Eun Ji ဟာ နှစ်လအတွင်းမှာပဲ ပွဲဦးထွက်နိုင်ခဲ့သူပါ။ audition မှာ အရမ်းကောင်းနေခဲ့လို့ ကုမ္ပဏီ ကနေ အဖွဲ့ရဲ့ အဓိက အဆိုတော်အဖြစ် ရွေးချယ်ဖို့ ချက်ချင်းဆုံးဖြတ်ခဲ့ကြပါတယ်။

#Girl’s Day ရဲ့ Yura

အထက်တန်းကျောင်းသူဘ၀တည်းက အေဂျင်စီပေါင်း(၆၀)ရဲ့ ကမ်းလှမ်းတာကို ခံခဲ့ရသူပါ။ တစ်လလောက်ပဲ traing ယူပြီး  Girl’s Day အဖွဲ့မှာ ပါဝင်ခဲ့တာပါ။

#Super Junior’s Kyuhyun နဲ့ Ryeowook

Ryeowook ဟာ နှစ်လလောက်ပဲ training ယူပြီး Super Junior  အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခဲ့တာပါ။ တစ်နှစ်အကြာမှာတော့ သူ့နေရာကို Kyuhyun ဆီပေးခဲ့ရပါတယ်။Kyuhyun ကလည်း သုံးလလောက် ပဲ training ယူပြီး ပွဲဦးထွက်နိုင်ခဲ့သူပါ။

# Wonder Girls’ Yeeun

Yeeun ကတော့ JYP ရဲ့  reality show “MTV Wonder Girls,” မှာ ပါဝင်ခဲ့သူပါ။ကုမ္ပဏီကနေ auditions လုပ်တဲ့ အခါမှာတော့ သူမလည်း ပါဝင်ခဲ့ပါတယ်။training ကာလဆိုတာတောင် မရှိခဲ့သူပါ။

#VIXX’s Hyuk

Hyuk ကတော့ (၃)လ training ယူပြီး   “MyDol,” show မှာ ပါဝင်ခဲ့ပါတယ်။အဲ့ဒီမှာပဲ VIXX အဖွဲ့ဝင်အဖြစ် အရွေးခံခဲ့ရပါတယ်။

#Lovelyz’s Yein

Yein ကတော့ အကပညာကို လေ့လာလိုက်စားခဲ့ပေမယ့် အလယ်တန်းကျောင်းသူဘ၀မှာ ခြေကျင်းဝတ် ဒဏ်ရာရ ပြီး တော့ အက ပညာကို ဆက်လက်မသင်ယူနိုင်တော့ပါဘူး။ဒီလိုနဲ့ပဲ ဂီတကျောင်းကို ပြောင်းခဲ့ပါတယ်။ Woollim ရဲ့ Audition မှာအောင်မြင်ပြီး လေးလအကြာမှာပဲ ပွဲဦးထွက်နိုင်ခဲ့ပါတယ်။

#DAY6’s Dowoon

သူနဲ့အတူတူ တခြားတီးဝိုင်းသမားတွေက နှစ်နဲ့ချီတဲ့ training တွေ ယူခဲ့ရပေမယ့် ဒရမ်အတီးသမား တစ်ယောက် ဖြစ်တဲ့ သူကတော့ လအနည်းငယ်ပဲ training ယူပြီး ပွဲဦးထွက်နိုင်ခဲ့ပါတယ်။

source soompi

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။