ဆယ်လီဆိုရင် တစ်နည်းမဟုတ် တစ်နည်းနဲ့ အဝေဖန်ခံရတာများပါတယ်။ ယခုနှစ်မှာလည်း အလားတူပဲ K-Pop idol တွေဟာ အမျိုးမျိုးဝေဖန်ခံခဲ့ရပါတယ်။ အခုအခါမှာတော့ koreaboo ကတဆင့် ထူးထူးခြားခြားအကြောင်းပြချက်တွေနဲ့ ဝေဖန်ခံရတဲ့ idol တွေကိုဖော်ပြပေးလိုက်ပါတယ်။
Chen (EXO)
View this post on Instagram
Chen က သူဟာ လက်ထပ်တော့မှာဖြစ်ပြီး ဖခင်တစ်ယောက်ဖြစ်လာတော့မယ်လို့ ကြေညာတုန်းက ပရိသတ်တွေဆီကနွေးထွေးတဲ့တုံ့ပြန်မှုတွေကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပရိသတ်အချို့ကတော့ Chen ဟာ EXO ကို သစ္စာဖောက်တယ်လို့ဆိုလာပါတယ်။ အချို့ဆိုရင် Chen ကို EXO ကတောင်ထွက်စေချင်ကြပါတယ်။ ဒါပေမဲ့ EXO ရဲ့ အေဂျင်စီ SM Entertainment ကတော့ Chen ကို EXO ထဲက ထုတ်မပစ်ပါဘူးဆိုပြီး ကြေညာချက်ထုတ်ခဲ့ရပါတယ်။
Sunmi
View this post on Instagram
သူမဟာ Sing Again ရှိုးထဲက ဒိုင်လူကြီးတစ်ယောက်ဖြစ်ပါတယ်။ Sing Again ရှိုးကတော့ အဆိုရှင်တွေအတွက် သူတို့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဒုတိယအကြိမ်အခွင့်အရေးပေးတဲ့ ပရိုဂရမ်ဖြစ်ပါတယ်။ ဒါပေမဲ့ ပရိသတ်အချို့က Sunmi ဟာ အဆိုရှင်တွေကို သေချာအကဲဖြတ်နိုင်လောက်အောင် ဒိုင်ဖြစ်ထိုက်တဲ့ အရည်အချင်းမရှိဘူးဆိုပြီး ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။
Jungkook (BTS)
View this post on Instagram
Jungkook ဟာ Itaewon ကို သူ့ရဲ့ဆယ်လီသူငယ်ချင်းတွေနဲ့သွားလည်ပတ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ကိုရီးယားဟာ social distancing စည်းကမ်းကို တင်းကြပ်နေတဲ့အချိန်ပါ။ Jungkook က သူ့သူငယ်ချင်းတွေနဲ့တွေ့၊ ပြန်လာပြီးလို့ ကိုဗစ်စစ်ဆေး၊ ရလဒ်က negative ထွက်တာတောင် ပရိသတ်အချို့က မကျေနပ်ကြပါဘူး။ Jungkook ရထားတဲ့ Hwagwan Orders of Cultural Merit ဆုကို ပြန်ရုတ်သိမ်းစေချင်ခဲ့ကြပါတယ်။ ဆုပြန်လည်ရုတ်သိမ်းဖို့ အသနားခံစာတင်ကြရာမှာ လူပေါင်း ၁၄၀၀ သာလက်မှတ်ထိုးခဲ့ကြတဲ့အတွက် အရာမထင်ခဲ့ပါဘူး။
Tzuyu (TWICE)
View this post on Instagram
Tzuyu က ကိုဗစ်အတွက် ကိုရီးယားကို အမေရိကန်ဒေါ်လာ ၄၂,၀၀၀ နီးပါးလှူဒါန်းခဲ့ပါတယ်။ ကိုရီးယားပရိသတ်တွေဆီကနေ သူမဟာ ချီးမွမ်းမှုတွေရရှိခဲ့ပါတယ်။ ဒါပေမဲ့ Tzuyu က တရုတ်ပရိသတ်တွေဆီကတော့ ဝေဖန်မှုတွေရရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုရီးယားကိုပဲ လှူလို့ဖြစ်ပါတယ်တဲ့။ ဒါပေမဲ့ သိရတာက Tzuyu ဟာ ကိုရီးယားရော တရုတ်ကိုပါ ညီတူညီမျှ ငွေလှူဒါန်းခဲ့တာဖြစ်ပေမယ့် တရုတ်ကိုလွှဲတဲ့ money transfer ဘက်မှာ ကြန့်ကြာခဲ့တာသာဖြစ်တယ်လို့ သိရပါတယ်။
CeleNow