အခုအချိန်မှတော့ လူတိုင်းရဲ့ ချစ်ခင်မှုကို ခံရပြီး အောင်မြင်ကျော်ကြားနေတဲ့ ကိုရီးယားဆယ်လီတွေထဲမှာလည်း သာမန်လူတွေလိုပဲ ငယ်တုန်းကျောင်းသားဘ၀မှာ အနိုင်ကျင့်ခံခဲ့ကြရဖူးသူတွေရှိပါတယ်။

ခုလတ်တလောမှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ Wanna One ရဲ့Daniel ကလည်း ငယ်ငယ်တုန်းကကျောင်းမှာ ရုပ်ဆိုးလို့ဆိုပြီး အနိုင်ကျင့်ခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း စိတ်ဓါတ်ကြံ့ခိုင်တဲ့ Danielဟာ ကိုယ့်ကိုကိုယ် အခုလိုမျိုးအားပေးခဲ့ပါတယ်။

“ကျွန်တော်ကသူတို့လောက်တော့ ရုပ်မချောပေမဲ့ သီချင်းဆိုတာနဲ့ကတာမှာ သူတို့ထက်သာပါတယ်ဆိုပြီး ကိုယ့်ကိုကိုယ်အားပေးခဲ့ပါတယ်”လို့ Danielကပြောခဲ့ပါတယ်။ အခုချိန်မှာတော Danielဟာ လူတိုင်းကြိုက်ကြတဲ့ အိုင်ဒေါ တစ်ဦးဖြစ်နေပါပြီ။ အနိုင်ကျင့်ခံနေရတဲ့ သူတွေအတွက် Danielဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြဖို့လည်း ပြောခဲ့ပါတယ်။

EXID ရဲ့  Haniလည်း စာသင်ခန်းထဲဝင်လို့မရအောင်တားပြီးအနိုင်ကျင့်တာကို ခံခဲ့ ရပါတယ်။ အတန်းထဲက Haniရဲ့ စားပွဲခုံမှာလည်း “နင့်နှာခေါင်းထဲကို မြေဖြူချောင်းတွေ ထည့်တယ်မလား၊ ပလတ်စတစ်ဆာဂျရီ သရဲမ” ဆိုတာတွေကို ရေးထားကြတယ်လို့ Haniကပြောပြခဲ့ပါတယ်။

I.O.I ရဲ့ Somiနဲ့ Yoojung တို့လည်း ကျောင်းတုန်းက အနိုင်ကျင့်ခံခဲ့ဖူးပါတယ်။ Somiကတော့ သူ့ကို အနိုင်ကျင့်တဲ့ကျောင်းသူတွေနဲ့ ညှိနှုင်းပြီးပြန်လည် အဆင်ပြေခဲ့ပါတယ်။ Yoojungလည်း ကျောင်းမှာ အပယ်ခံဖြစ်ခဲ့ ပေမဲ့ နောက်ပိုင်းတော့ သူ့ကို အနိုင်ကျင့်တဲ့သူတွေကပဲ လာခေါ်လို့ သူငယ်ချင်းရခဲ့တယ်လို့ Yoojungကပြောခဲ့ပါတယ်။

Goblin ဇာတ်ကားက မင်းသမီး Yoo In Naကတော့ အတန်းပိုင်ဆရာမရဲ့ အလေးပေးမှုကိုခံရတဲ့အတွက် အတန်းဖော်တွေက အမြင်ကတ်ပြီး အနိုင်ကျင့်ခဲ့ ကြပါတယ်။

ပရိသတ်တွေကတော့ ဒီသတင်းတွေကိုကြားပြီးတော်တော်ကို စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။