ကိုရီးယားမှာ ပြုလုပ်တဲ့  ‘The Unit’ ဆိုတဲ့သီချင်းဆိုပြိုင်ပွဲက Taeeun ဆိုတဲ့ ကောင်လေးဟာ နာမည်ကျော် မင်သားတစ်ဦးဖြစ်တဲ့ Lee Min Ho နဲ့ အရမ်းကိုတူတဲ့ ရုပ်ရည်ရှိပြီး ပရိသတ်တွေကြားထဲမှာလည်း Lee Min Ho ရဲ့ Idol version ဆိုပြီး အရမ်းကို နာမည်ကြီးနေပါတယ်။

သူဟာ ပရိသတ်တွေရဲ့ အချစ်တွေသာမက  ‘The Unit’ ပြိုင်ပွဲက ဆရာတွေရဲ့ အချစ်ကိုပါရရှိထားတာဖြစ်ပါတယ်။ Taeeunလို့ခေါ်တဲ့ ကောင်လေး ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အ၀ရရှိထားတဲ့ နောက်ထပ်အကြောင်းတစ်ခုကတော့ သူရဲ့ ထူးချွန်လှတဲ့ အကစွမ်းရည်၊ အဆိုစွမ်းရည်၊ ရပ်(ပ်) စွမ်းရည်တို့ကြောင့် ဖြစ်ပါတယ်။ သူဟာ IM လို့ခေါ်တဲ့ သီချင်းဆို အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အသက် ၁၇နှစ် ရှိပြီဖြစ်ပါတယ်။

 

Source: Kstarlive

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။