Hwang In-yeop က တော့လ က်တလေမှာ ပရိသတ်တွေ အထူးသဖြင့် မိန်းကလေး ပရိသတ်တွေ ကြားမှာ အရမ်းကို နာမည်ကြီး နေတဲ့ True Beauty ဇာတ်ကားထဲမှာ ဒုတိယ မင်းသားနေရာက နေ ပါဝင်ထားသူပါ။ True Beauty မှာတော့ Moon Ga-young, Cha Eun-woo တို့ နဲ့အတူ တွဲပြီး သရုပ်ဆောင်ထားတာပါ။ Hwang In-yeop ကျောင်းသား ဘ၀တုန်းက ပုံတွေ အွန်လိုင်းပေါ်မှာ ထွက်ပေါ် လာခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ mb.com မှာ ဖော်ပြထား တာပါ။
View this post on Instagram
ပရိသတ်တွေက တော့ မကြာသေးခင်တုန်းက Ryan Leon ဆိုတဲ့ လူတစ်ယောက် အကြောင်းကို ရှာ တွေ့ ခဲ့ ပါတယ်။ Ryan Leon က တော့ လက်ရှိနာမည်ကြီးနေတဲ့ မင်းသား Hwang In-yeop ပါ။သူက တော့ ဖိလစ်ပိုင်နိုင်ငံ Davao မှာ ရှိတဲ့ Nikkei Jin Kai International School ကို တက်ရောက်ခဲ့ ဖူးပါတယ်။

DYK?
Hwang In-Yeop studied here in Philippines.#TrueBeauty#HANSEOJUN#HwangInYeop pic.twitter.com/1n0mFJC7e6
— 문가융 (@JUd5RtQWEhoIiRp) January 6, 2021
တွစ်တာ အသုံးပြုသူတစ်ယောက်ကေ န ကျောင်းသားမှတ်တမ်းစာအုပ်ထဲက ပုံတွေ ကို အွန်လိုင်းပေါ် တင်လိုက်တာပါ။အစတုန်းက တော့ သူ ဆိုတာ အမှန် ဟုတ် မဟုတ် မသေချာ ပေမယ့် နောက်ပိုင်းမှာတော့ တစ်ကျောင်းတည်း အတူတက်ခဲ့ကြတဲ့ အတန်းဖော်တွေနဲ့ ဆရာ၊ဆရာမ တွေ ကပါ အတည်ပြု ပေးခဲ့ မှ သေချာ သွားတာပါ။
View this post on Instagram
ငယ်ငယ်တုန်းက fashion designer တစ်ယောက် ဖြစ်ချင် ခဲ့တာပါ။အခုထိ လည်း Davao မြို့မှာ နေ နေတုန်းပါ။သူ့ရဲ့ အင်္ဂလိပ် နာမည်က Ryan Leon ပါ။ကျောင်းတုန်းက အတန်း ထဲမှာ အရပ် အရှည် ဆုံး ကျောင်းသား ဖြစ်ခဲ့ဖူးပြီး အရပ်က ၆ ပေ လောက်ရှိပါတယ်။ဖိလစ်ပိုင်မှာ အင်္ဂလိပ်စာ သွားသင်ဖူးတာ သူတစ်ယောက် တည်း တော့ မဟုတ်ပါဘူး။ IU ဆိုလည်း ဖိလစ်ပိုင်မှာ အင်္ဂလိပ်စာသင်ဖူးပါတယ်။ Sandara Park ဆိုရင်လည်း ဖိလစ်ပိုင်မှာ နေခဲ့ဖူးပါတယ်။
View this post on Instagram
View this post on Instagram
#CELENOW