Hush ဇာတ်လမ်းတွဲကတော့ Girls’ Generation’s YoonA ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ ဇာတ်ပို့တစ်ဦးမှာ ကိုဗစ်ပိုး တွေ့ရှိထားတဲ့အတွက် ရိုက်ကူးတွေ အားလုံး ဖျက်သိမ်းပြီး ရိုက်ကူးရေးမှာ ပါဝင်သမျှ အားလုံး ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးခြင်းကို လုပ်ခဲ့ကြရပါတယ်။

 

လက်ရှိမှာ ထွက်ရှိနေတဲ့ သတင်းတွေအရ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေအားလုံး ကိုဗစ်ပိုး စစ်ဆေးခဲ့ပြီးတဲ့နောက် ပိုးမရှိပါလို့ အဖြေထွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ သူတို့တွေက ရိုက်ကူးရေးကို ပြန်လည် စတင်နေကြပြီ ဖြစ်တယ်လို့ allkpop ကနေ ရေးသားထားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by YoonAhksone✌🏻 (@yoonadeer0530)

တိကျခိုင်မာတဲ့ သတင်းတွေအရ လက်ရှိမှာလည်း ရိုက်ကူးရေးကို ကိုဗစ်ကာကွယ်ရေး စီမံချက်စည်းကမ်းတွေ အတိုင်း စနစ်တကျကို လိုက်နာပြီး ရိုက်ကူးရေး လုပ်နေပါတယ်လို့ ဆိုပါတယ်။

 

ရိုက်ကူးရေးမှာ ပါဝင်ထားတဲ့ ဇာတ်ပို့တစ်ဦးမှာ ကိုဗစ်ပိုး ရှိနေတယ်လို့ သတင်း အတည်ပြုပြီးတဲ့နောက် ရိုက်ကူးရေး ရပ်နားမှုက ငါးရက်တာ ကြာမြင့်ခဲ့ပါတယ်။ ဒါကြောင့် ယာယီ ရိုက်ကူးရေး ရပ်တန့်ပြီး ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ကြတာပါ။

 

ဒီဇာတ်လမ်းတွဲမှာ နာမည်ကြီးသရုပ်ဆောင် Hwang Jung Min က သတင်းထောက် Han Jun Hyuk အဖြစ် သရုပ်ဆောင်ထားပြီး Girls’ Generation’s YoonA ကတော့ သူ့ရဲ့ အလုပ်သင် Lee Ji Soo အဖြစ် ပါဝင်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ စတင် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

Kham