Kim Woo Bin ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ မင်းသား Hong Jong Hyun ဟာ သူ့ရဲ့ အနုပညာသက်တမ်း (၁၀)နှစ်ပြည့် အင်တာဗျူးမှာ Kim Woo Bin ရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြခဲ့ပါတယ်။

မင်းသား Hong Jong Hyun က Woo Bin ကင်ဆာဖြစ်နေတယ်ဆိုတဲ့ အကြောင်းကိုကြားတုန်းက အရမ်းကို ထိတ်လန့်ခဲ့ရပါတယ်တဲ့။ “နေမကောင်းဘူးဆိုတာသိခဲ့ပေမဲ့ အဲ့လောက်ထိ အခြေအနေဆိုးမယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုတလောတော့ Woo Bin ရဲ့ကျန်းမာရေးတော်တော်ပြန်ကောင်းလာပါပြီ။ သူ နေပြန်ကောင်းတော့မှာပါ”လို့ Hong Jong Hyun ပြောခဲ့ပါတယ်။

“Woo Bin နေမကောင်းတာကိုသိတဲ့အချိန်မှာ ချက်ချင်း အဆက်အသွယ်မလုပ်နိုင်ခဲ့တာကို အရမ်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ Woobin ဟာ အဆင်ပြေရဲ့လား၊ ကျန်းမာရဲ့လားဆိုတဲ့ သတင်းမေးစကားတွေကို ဖြေနေရတဲ့ အချိန်ပါ။ ကျွန်တော်လည်း သူ့ကို အဲ့လိုမေးခွန်းတွေပဲမေးမိတဲ့အခါ Woo Bin စိတ်ဖိစီးမှုတွေ ခံစားရမှာကို စိုးရိမ်ခဲ့တယ်။ သူ့ရဲ့သတင်းတွေ အင်တာနက်ပေါ်မှာ မတွေ့ရတော့တဲ့အချိန်လောက်မှ Woo Bin ဆီကို မက်ဆေ့ပို့ဖြစ်ခဲ့ပါတယ်။ အဲဒီအခါမှ Woo Bin နဲ့ စကားပြောဖြစ်ကြပြီး သူ အဆင်ပြေတယ်ဆိုတဲ့အကြောင်းကို ကျွန်တော့ကိုပြောခဲ့ပါတယ်။ အနုပညာအလုပ်တွေကို အတူတူပြန်လုပ်ဖို့အတွက် Woo Bin ပြန်ပြီးနေကောင်းမယ့် အချိန်ကို စောင့်နေတယ်” လို့Hong Jong Hyun ကပြောခဲ့ပါတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။