JYP Entertainment က အဖွဲ့ဝင် ၇ဦးပါတဲ့ GOT7 ဟာ အေဂျင်စီနဲ့ စာချုပ်သက်တမ်းထပ်တိုးတော့မှာ မဟုတ်တဲ့အကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ GOT7 အဖွဲ့သားတွေအနေနဲ့ အနုပညာလောကထဲ အခြားတိုးတက်နိုင်ခြေရှိတဲ့ အခွင့်အလမ်းတွေကို မိမိဘာသာရှာဖွေရတော့မှာပါ။ Koreaboo အရ အေဂျင်စီကထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အဖွဲ့သား၇ဦးစလုံးဟာ စာချုပ်သက်တမ်းထပ်မတိုးဖို့ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

JYP Entertainment ကတော့ GOT7 အဖွဲ့သားတွေနဲ့ စာချုပ်သက်တမ်းဟာ ဇန်နဝါရီ၁၉ရက်မှာ ပြည့်မှာဖြစ်ကြောင်းနဲ့ သက်တမ်းတိုးဖို့အတွက် အလေးအနက်ဆွေးနွေးခဲ့ကြောင်း ဆိုပါတယ်။ ဆွေးနွေးအပြီးမှာတော့ အေဂျင်စီရော GOT7 ကပါ စာချုပ်သက်တမ်းမတိုးဖို့ သဘောတူညီမှုယူခဲ့ပြီး ပိုကောင်းတဲ့အနာဂတ်အတွက် အသီးသီးဆုတောင်းပေးခဲ့ကြပါတယ်။

 

View this post on Instagram

 

A post shared by GOT7 (@got7.with.igot7)

GOT7 ဟာ ကမ္ဘာကျော် K-Pop idol group တစ်ခုဖြစ်ပြီး ၂၀၁၄ခုနှစ် ဇန်နဝါရီ ၁၆ရက်ကတည်းက ဂီတလောကထဲ စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ GOT7 ဟာ K-Pop ၊ JYP Entertainment တို့ရဲ့ အနုပညာခရီးလမ်းတစ်လျှောက်လုံးမှာ အတူရှိခဲ့တာပါ။ JYP Entertainment ကတော့ GOT7 အနေနဲ့ အေဂျင်စီနဲ့လမ်းခွဲခဲ့ပေမယ့် ၄င်းတို့ရဲ့အနာဂတ် ရှေ့ဆက်လျှောက်ဖို့အတွက် ပံ့ပိုးကူညီသွားမယ်လို့ဆိုပါတယ်။

Mark ကတော့ ၄င်းရဲ့တွစ်တာအကောင့်ပေါ်မှာတော့ ပို့စ်တင်ထားပါတယ်။ ပို့စ်ထဲမှာတော့ အဖွဲ့သားအားလုံးဟာ အခုဆို ဘဝရဲ့ ဒုတိယစာမျက်နှာကို လျှောက်လှမ်းကြတော့မှာဖြစ်ပြီး အဆုံးထိ အားလုံးခင်မင်ရင်းနှီးလျက်ရှိကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ Dispatch အရ GOT7 အဖွဲ့သားတစ်ယောက်စီတိုင်းဟာ JYP Entertainment ကနေခွဲခွာတာနဲ့ ၄င်းတို့ရဲလုပ်ငန်းဆောင်တာအသီးသီးကို လုပ်ကိုင်ကြတော့မှာ ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by GOT7 (@got7.with.igot7)

Jinyoung ကတော့ BH Entertainment နဲ့ အလုပ်လုပ်ဖို့ရှိနေပြီး AOMG ကတော့ ဂီတကိုပဲ တစိုက်မတ်မတ်လုပ်ဖို့ပြင်ဆင်နေပါတယ်။ Youngjae က Sublime Artist Agency နဲ့ လက်ရှိမှာ အလုပ်ကိစ္စဆွေးနွေးနေပါတယ်။ JB ကတော့ ဟစ်ဟော့အေဂျင်စီတွေရဲ့ ကမ်းလှမ်းမှုတွေရရှိထားပေမယ့် သူက မဆုံးဖြတ်ရသေးပါဘူး။ Jackson ကတော့ Team Wang နဲ့ ဆက်လက်နေမှာဖြစ်ပြီး ကိုရီးယားနဲ့တရုတ်ကို promote လုပ်မှာဖြစ်ပါတယ်။ BamBam ကတော့ ထိုင်းနဲ့ ကိုရီးယားအတွက် promote လုပ်မှာဖြစ်ပါတယ်။ BamBam က MAKEUS Entertainment နဲ့ စာချုပ်ချုပ်ထားတယ်ဆိုပြီး သတင်းတွေထွက်နေပါသေးတယ်။ Mark ကတော့ ယူအက်စ်ကိုပြန်ပြီး ကိုယ်ပိုင် YouTube channel တစ်ခုဖွင့်ကာ သူ့ရဲ့တစ်ကိုယ်တော်သီချင်းတွေအတွက် ပြင်ဆင်မယ်လို့ သိရပါတယ်။

Cele Now