KBS ရဲ့ လာမယ့် ဇာတ်လမ်းတွဲသစ် ဖြစ်တဲ့ If You Cheat, You Die ရဲ့ ပိုစတာ အသစ်ကတော့ Jo Yeo Jeong ပုံနဲ့ ထွက်ရှိလာခဲ့ပါပြီ။
ဒီဇာတ်လမ်းတွဲကတော့ ဟာသဆန်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဇာတ်လမ်း အဖြစ် ထွက်ရှိလာမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ လူသတ်သမား ဇာတ်လမ်းတွေကို ရေးလေ့ ရှိတဲ့ စာရေးဆရာမနဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ ရှေ့နေ့တို့ကြားက စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာကို တင်ပြထားတာပဲ ဖြစ်ပါတယ်။
View this post on Instagram
Jo Yeo Jeong ကတော့ Parasite ရုပ်ရှင်ကနေ တဆင့် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားခဲ့သူလည်း ဖြစ်ပါတယ်။ သူမကတော့ အခုဇာတ်လမ်းမှာတော့ မှုခင်းဝတ္တုတွေမှာ အရောင်းရဆုံး စာရေးဆရာမ တစ်ယောက် အဖြစ် Queen of Mystery လို့ နာမည်ရထားတဲ့သူအဖြစ် ပါဝင်ထားပါတယ်။
View this post on Instagram
ဇာတ်လမ်းတွဲသစ်ရဲ့ ပိုစတာအသစ်ကိုတော့ ခပ်မိုက်မိုက်ပုံစံနဲ့ ထွက်ရှိလာခဲ့ပါတယ်။ ငါ မင်းကို အနီရောင်စာလုံးတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတစ်ပုဒ် ပြောပြမယ် ဆိုတဲ့ စာအုပ်ကို ကိုင်ထားတဲ့ Jo Yeo Jeong ရဲ့ ပုံရိပ်ကတော့ ဇာတ်လမ်းကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် ပိုပြီး ရင်ခုန်စေခဲ့ပါတယ်။
View this post on Instagram
နေ့စဉ်နေ့တိုင်း ဘယ်လို လူသတ်မယ်ဆိုတဲ့ အတွေးတွေ အပြည့် ရှိနေတဲ့ စာရေးဆရာမတစ်ယောက်ပုံစံကို ဒီဇာတ်လမ်းမှာ စောင့်မျှော်ကြည့်ရှုလိုက်ပါဦးနော်။
Kham