သရုပ်ဆောင် Goo Hye Sun ကတော့ သရုပ်ဆောင်အလုပ်တင်မက ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ စတာအပြင် ပန်းချီဆွဲခြင်းနဲ့ စာရေးခြင်းတို့ကိုပါ လုပ်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ Heart-Shaped Tears ထုတ်ဝေတုန်းက ဖြေခဲ့ဖူးတဲ့ အင်တာဗျူးမှာ သူမရဲ့ အချစ်နဲ့ ဘဝအကြောင်း ဖွင့်ဟ ပြောသွားခဲ့ဖူးတယ်လို့ Koreaboo ကနေ အခုလိုပဲ ဖော်ပြထားခဲ့ပါတယ်။
အင်တာဗျူးမှာ သူမ ကြုံတွေ့ခဲ့ဖူးတဲ့ အချစ်ရေးအကြောင်းနဲ့ သူမရဲ့ စိတ်ဒဏ်ရာတွေအပြင် သူမရဲ့ခင်ပွန်းဖြစ်သူ Ahn Jae Hyun နဲ့ ဆုံခဲ့ချိန်တွေကို ပြောပြခဲ့ပါတယ်။
View this post on Instagram
သူမကတော့ အချစ်ဦးရဲ့ သစ္စာဖောက်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သူမနဲ့ တွဲနေစဉ်မှာ နောက်ထပ် ကောင်မလေး တစ်ယောက်နဲ့ တွဲနေတာကိုပါ သိခဲ့ပြီးတဲ့နောက်မှာ သူမက အဲ့ဒီကောင်မလေးကို တွေ့ခဲ့ပါတယ်။ ကောင်မလေးက ကောင်းမွန်တဲ့သူတစ်ယောက် ဖြစ်ပြီး သူမရဲ့ အချစ်ဦးကိုလည်း ဆက်ပြီး တွဲဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူမက အဲ့ဒီအဖြစ်အပျက်ကြောင့် အချစ်ကို သံသယရှိတာမျိုး ခံစားခဲ့ရပါတယ်။
View this post on Instagram
ဒီလို အချစ်ကို အယုံအကြည်မရှိတဲ့သူမကို ပြောင်းလဲစေခဲ့တဲ့သူကတော့ Ahn Bo Hyun ဖြစ်ပါတယ်လို့ သူမက အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။ သူတို့နှစ်ယောက် တွဲနေတဲ့ကာလမှာ ဘာသံသယမှ မရှိတော့တဲ့အထိ ဘာကိုမှ မတွေးနိုင်တော့တဲ့အထိ သူမတို့ နှစ်ဦးကြားက ခိုင်မာတဲ့ ဆက်ဆံရေးကို သူမက ခံစားမိခဲ့ပါတယ်။ ဒါကြောင့် ထာဝရ လက်တွဲသွားစေဖို့ လက်ထပ်ခဲ့မိတာ ဖြစ်ပါတယ်။
View this post on Instagram
သူမက Ahn Jae Hyun ကို တုန်နေအောင် ချစ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အင်တာဗျူးမှာ သူမရဲ့ ခင်ပွန်းဖြစ်သူက ကြင်နာတတ်သူဖြစ်ပြီး လိမ်တဲ့နေရာမှာ မတော်တဲ့အကြောင်းတွေပါ ပြောပြခဲ့ပါတယ်။ တကယ့်ကို လူကောင်း တစ်ယောက်ဖြစ်ပြီး ရန်ဖြစ်တဲ့အချိန် အသံကျယ်လာကြပြီဆိုရင် သူက ကြောက်လာပြီလို့ ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။
View this post on Instagram
သူမကတော့ အင်တာဗျူးမှာ Ahn Jae Hyun နဲ့ ခွဲရမယ့် အရေးကို စိတ်ကူးနဲ့တောင် တွေးကြည့်လို့ မရလို့ လက်ထပ်ခဲ့တာပါလို့ ဆိုပါတယ်။ တကယ်လို့ ကွဲခဲ့ရမယ်ဆိုရင် သေသွားနိုင်တယ်လို့တောင် ထင်ခဲ့တာပါ။ ဒီအဖြစ်အပျက်က သူမ အကြောက်ဆုံးနဲ့ အစိုးရိမ်ရဆုံးလည်း ဖြစ်တယ်လို့ သူမက ပြောခဲ့ပါတယ်။
သူမက Heart-Shaped Tears စာအုပ်ကို ၂၀၁၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး အဲ့ဒီနှစ် စက်တင်ဘာလမှာပဲ လူမှုကွန်ယက်တွေမှာ အခြေအတင်တွေ တွေ့ရပြီး ကွာရှင်းခဲ့ကြပါတယ်။ တကယ့်ကို စိတ်မကောင်းစရာပါပဲ။
Kham