Goo Hara က  Heechul တစ်ယောက် သူမကို အကြိမ်ကြိမ် ဘယ်လိုမျိုး မြှူဆွယ်ဖျားယောင်းဖို့ ကြိုးစားခဲ့သလဲဆိုတာကို ပြောပြခဲ့ပါတယ်။နိုဝင်ဘာ(၁၈)တုန်းက“Ask Us Anything,”  ဆိုတဲ့ အစီအစဉ်မှာ Goo Hara က Super Junior ရဲ့ အဖွဲ့ဝင် Kim Heechul  က တွေ့တိုင်း သူမကို ပြောတဲ့အကြောင်းဆိုပြီး ဟာသနှောပြီးပြောပြခဲ့တာပါ။

Goo Hara နဲ့မင်းသား Sung Dong Il တို့က အဲ့ဒီအစီအစဉ်မှာ ဧည့်သည် အဖြစ် ပါဝင်ခဲ့ ကြတာပါ။အဲ့ဒီမှာပဲ အမေးဥာဏ်စမ်းဆိုပြီး Goo Hara  ကမေးခွန်းထုတ်ခဲ့တာပါ။” Kim Heechul  နဲ့ကျွန်မ ရိုက်ကူးရေးရှိတိုင်း သူကျွန်မကို အမြဲတမ်းဘာပြောတယ်ထင်ကြလဲ..” ဆိုပြီး မေးခဲ့တာပါ။Seo Jang Hoon ကအရင်ဆုံး ဖြေခဲ့တာကတော့ “ငါမင်းကို ချစ်တယ်၊ဒီနေ့က ငါတို့ ရဲ့ ပထမဆုံး ဒိတ်ပဲ” ဆိုပြီး ဖြေခဲ့ပါတယ်။

Goo Hara က အဖြေကတော့ နီးစပ်ပါတယ်။ဒါပေမယ့် အဖြေကို သိရင် အားလုံး အံ့အား သွား ကြမယ်ဆိုပြီး ပြန်ပြောခဲ့ပါတယ်။ Seo Jang Hoon ကနောက်ဆုံးမှာတော့ အဖြေမှန်ကို ခန့်မှန်း မိခဲ့ပါတယ်။”Har ငါတို့ လက်ထပ်ကြရအောင်..” ဆိုပြီးဖြေခဲ့ပါတယ်။Kim Heechul  က ပျာ ပျာသလဲနဲ့ “နင်က ငါ့စတိုင်မဟုတ်ပါဘူး။တစ်ရာခိုင်နှုန်းလေးတောင် မဟုတ်ဘူး ” ဆိုပြီး ပြန် ရှင်း ခဲ့ပါတယ်။Goo Hara ကလည်း “နင်ကလည်း ငါ့စတိုင်မဟုတ်ဘူး ” ဆိုပြီး ပြန်ပြောခဲ့ပါတယ်။

ဒီလိုမပြောခဲ့ပါဘူးဆိုပြီး အဆုံးထိ ငြင်းနေတဲ့ Kim Heechul ကို အားလုံးက ၀ိုင်းပြီးစနောက် ခဲ့ ပါတယ်။ အဲ့ဒီလို မေးခွန်းကို ဘယ်လိုပြန်ပြီး အဖြေပေးခဲ့သလဲလို့ Lee Soo Geun က Goo Hara ကို မေးတဲ့အခါမှာတော့ “နင့်အပေါ်မှာပဲ မူတည်တယ်” လို့ ပြောခဲ့တယ်ဆိုတဲ့ အဖြေကို ကြားတဲ့ အခါမှာတော့ အားလုံးကို ပွဲကျစေခဲ့ပါတယ်။

from soompi

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။