Girls’ Generation အဖွဲ့ဝင် Hyoyeon က Burning Sun အရှုပ်တော်ပုံထဲမှာ ပါဝင်နေတယ်ဆိုတဲ့ကိစ္စကို နောက်ဆုံးတော့ရှင်းလင်းခဲ့ပြီဖြစ်ပါတယ်။ Burning Sun ကို ဖော်ကောင်လုပ်သူ Kim Sang-kyo ဟာ ဒီအရှုပ်တော်ပုံထဲမှာ ကလပ်ကိုသွားခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ Kim က Hyoyeon ကို အဲ့ဒီညတုန်းက အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဝန်ခံဖို့ပြောဆိုခဲ့တာပါ။ အခုဆိုရင်တော့ Hyoyeon က သူမနဲ့ Buring Sun ကိစ္စဟာ ဘယ်လိုမှမသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့တာကို soompi သတင်းအရ သိရပါတယ်။
View this post on Instagram
Kim ဟာ နိုဝင်ဘာ ၂၀၁၈ တုန်းက Burning Sun ကလပ်ရဲ့အပြင်ဘက်မှာ အရိုက်ခံရပြီး ရဲအရာရှိနှစ်ဦးက သူ့ကို အကြမ်းဖက်နှိပ်စက်ကြတယ်လို့ ထွက်ဆိုခဲ့တာပါ။ Kim ဟာ Hyoyeon ရဲ့ အေဂျင်စီဖြစ်တဲ့ SM Entertainment ကိုလည်း Hyoyeon ဟာ ကလပ်ထဲမှာရှိနေပြီး ကလပ်ကိုလာတဲ့ VVIP customer တွေကိုမြင်ခဲ့ကြောင်း၊ သူ့ကိုရိုက်ခဲ့တဲ့ ဆေးသမားကိုလည်း Hyohyeon ကသိကြောင်း၊ ဆေးသုံးပြီး သွားရည်ကျနေတဲ့ ထိပ်တန်းမင်းသမီးတစ်လက်လည်းရှိကြောင်း စသဖြင့် ပြောဆိုပြီး Hyoyeon အနေနဲ့ အားလုံးဝန်ခံဖို့ အချိန်ကျပြီဖြစ်ကြောင်း ပြောခဲ့တာပါ။
View this post on Instagram
ဒီကိစ္စနဲ့ပတ်သက်ပြီး Hyoyeon ကတော့ Burning Sun ကိစ္စဟာ သူမနဲ့ဘာမှမဆိုင်ဘူးလို့ ဆိုခဲ့ပါတယ်။ သူမဟာ ကလပ်ထဲမှာ ဒီဂျေတီးနေတဲ့ပုံကို မျှဝေခဲ့ပြီး အင်စတာဂရမ်ပေါ် ခုလိုပို့စ်တင်ခဲ့ပါတယ်။ “အားလုံးပဲ စိတ်အေးအေးထားကြပါ။ ကျွန်မက ကျွန်မအလုပ် ကျွန်မလုပ်ခဲ့တာပါ။ လူတွေကိုနှုတ်ဆက်တယ်။ သူငယ်ချင်းတစ်ယောက်နဲ့သောက်တယ်။ ဝန်ထမ်းတွေနဲ့သောက်ပါတယ်။ ပြီးတော့ ဗိုက်တင်းလို့ အိမ်ပြန်လာတာပါပဲ။ ကလပ်ထဲမှာ အမျိုးသားတွေရော အမျိုးသမီးတွေရော အများကြီးတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မင်းသမီးတွေ၊ မင်းသားတွေ၊ ခွေးတွေ၊ ကြောင်တွေတော့ မတွေ့ခဲ့ရပါဘူး။ ကျွန်မ ဘာမှမပြောပြန်ရင်လည်း လူတွေက အနိုင်ကျင့်လို့ရတယ်ထင်နေဦးမယ်။ အားလုံးပဲပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ။ ကျန်းမာပါစေ။” ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
View this post on Instagram
CeleNow