Hyeri ဟာ ရုပ်ရှင်ရိုက်ကွင်းမှာ ရိုက်ကူးရေးလုပ်နေတုန်း Rosé ဆီက မမျှော်လင့်ဘဲ စပရိုက်လက်ဆောင်ရခဲ့ကြောင်း kstarlive အရ သိရပါတယ်။ Hyeri ဟာ လတ်တလော tvN ဒရာမာ A Terrifying Cohabitation အတွက် ဇာတ်ကားရိုက်ကူးနေတာပါ။ ဇာတ်ကားထဲမှာတော့ အဓိကမင်းသမီးဇာတ်ဆောင် Lee Dam (Dami) အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။။ Rosé ဟာ Hyeri အတွက်ဆိုပြီး အစားအသောက်တွေပါတဲ့ ထရပ်ကားတစ်စီး ပို့ပေးခဲ့တာဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by ROSÉ (@roses_are_rosie)

ဒီဇင်ဘာ ၂၄ရက်နေ့မှာတော့ Hyeri က ထရပ်ကားရှေ့မှာ မတ်တပ်ရပ်ပြီး မုန့်တွေစားနေတဲ့ဓာတ်ပုံတွေကို အင်စတာဂရမ်ပေါ်တင်ခဲ့ပါတယ်။ “ကျွန်မချစ်တဲ့ Chaeyoung..ခရစ္စမတ်အကြို စပရိုက်လက်ဆောင်လေးရတယ်။ ကျေးဇူးတင်ပါတယ်။ အရမ်းစိတ်လှုပ်ရှားမိတယ်။ အရမ်းချစ်တယ် Park Rosé” ဆိုပြီး caption ရေးခဲ့တာဖြစ်ပါတယ်။ Chaeyoung ဆိုတာကတော့ Rosé ရဲ့ မွေးနာမည်ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by 혜리 (@hyeri_0609)

ထရပ်ကားရဲ့ခေါင်းစီးနေရာမှာတော့ “ဒီနေ့မုန့်တွေကိုတော့ Dami က ကျွေးတာပါ။ ဒီနေ့မှာ အလုပ်ကြိုးကြိုးစားစားလုပ်နေကြတဲ့ ဝန်ထမ်းတွေအတွက်ပြင်ဆင်လာပါတယ်။ အားလုံးပဲ ကြိုးစားထား။” ဆိုပြီး ရေးသားထားပါတယ်။ ထရပ်ကားဘေးမှာတော့ “အားအင်ကုန်ခမ်းသွားရင် အွန်နီး Hyeri ရဲ့ဓာတ်ပုံလေးကိုကြည့်” “အွန်နီးပါးစပ်က အကြီးကြီးပေမယ့် တစ်ခါတည်း အများကြီးမစားနဲ့နော်။ အိုကေနော်။ ကျန်းမာရေးဂရုစိုက်ပြီး ဖျော်ရည်နွေးနွေးလေး မှာသောက်ဦး… ချစ်တယ်” ဆိုပြီး Rosé က ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။

CeleNow