Yoon Sun Young လို့ခေါ်မော်ဒယ်ကောင်မလေးဟာ ကိုရီယားရဲ့ နာမည်ကြီး အေဂျင်စီတွေဖြစ်တဲ့ YG,JYP နဲ့ SMတို့ရဲ့ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပြီး အခုဆိုရင်တော့ မော်ဒယ်တစ်ယောက်ဖြစ်နေပါပြီ။

Yoon Sun Youngဟာ အခြားသော မတူညီတဲ့ ကုမ္ပဏီတွေထံမှလည်း များပြားလှတဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပါတယ်။ဒါပေမဲ့လည်း အားလုံးကို ငြင်းဆိုခဲ့ပါတယ်။

သူရဲ့ ဖြူဖွေးတဲ့ အသားအရေနဲ့ နက်မှောင်တဲ့ ဆံပင်တို့က ပုံပြင်ထဲက စနိုးဝှိုက်လေး အသက်ရှိနေသလို ခံစားရစေပါတယ်။နာမည်ကြီး ကုမ္ပဏီတွေက Yoon Sun Youngကို သူတို့ ကုမ္ပဏီလက်အောက်မှာ ရှိစေချင်ပြီး ကမ်းလှမ်းကြတာလည်း ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ Yoon Sun Youngဟာ Kpopကိုမရွေးချယ်ပဲ မော်ဒယ်လမ်းကြောင်းကို ရွေးချယ်ခဲ့ပါတယ်။ Sun Youngဟာ Kpopကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင်တော့ Suzy တို့ Seolhyun တို့နဲ့တောင် အလှချင်းအယှဉ်ခံရလောက်ပါတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။