Big Bang ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ G-Dragon ဟာ သူရဲ့ Instagram အကောင့်မှာ ဖိနပ်စီးပြီး ခြေအိတ်အမဲလေးဝတ်ထားတဲ့ သူ့ရဲ့ ခြေထောက်ပုံကို တင်ခဲ့ပါတယ်။ အံ့သြစရာကောင်းလောက်အောင်ပဲ တစ်ပတ်အတွင်းမှာ G-Dragon ၀တ်ထားတဲ့ ခြေအိတ်ဟာ ကိုရီးယားမှာ အရမ်းကို နာမည်ကြီးတဲ့ ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ အဲဒီ ခြေအိတ်လေးရဲ့ ဘေးမှာ ‘ㅋㅋㅋ’ ဆိုတဲ့ ကိုရီးယားလို ရယ်သံလို့ အဓိပ္ပါယ်ရတဲ့ စာသားလေးလဲပါပါတယ်။

အဲဒီ ခြေအိတ်ဟာဆိုရင်တော့ အရင် G-Dragon ၀တ်နေတဲ့ နာမည်ကြီး ဖက်ရှင်တံဆိပ်တွေထဲက မဟုတ်ဘဲ တစ်စုံကိုမှ  ဒေါ်လာ (၂) (ကိုရီးယားဝမ် ၁,၉၀၀) သာကျသင့်ပါတယ်တဲ့။ ပရိသတ်တွေကတော့ G-Dragon နဲ့  ဆင်တူခြေအိတ်ရဖို့အတွက် အပြေးအလွှားဝယ်ကြမှာ အသေအချာပါပဲ။

Source:Kstarlive

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။