Running Man ရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ Kang Gary ကတော့ သူ့ရဲ့ ပရိသတ်တွေကို ထပ်ပြီး အံ့အားသင့်အောင် လုပ်လိုက်ပါတယ်။ သူ လက်ထပ်လိုက်ပြီဆိုတဲ့အကြောင်း ကြေညာတဲ့အချိန်မှာ ပရိသတ်တွေ အံ့အားသင့်ခဲ့ရသလို မျိုးပဲ အခုလည်း ထပ်ပြီး အံ့အားသင့်ခဲ့ကြရပါတယ်။

လက်ထပ်လိုက်တဲ့အကြောင်း ကြေညာလိုက်ပြီး (၇)လအကြာမှာတော့ ရင်သွေးလေးရနေပြီလို့ ထပ်ပြီးအသိပေးကြေညာလိုက်တာပါ။ ဒီတစ်ခါမှာတော့ သူ့ရဲ့ weibo အကောင့်နဲ့ Instagram မှာ “Gary Junior” နဲ့ “I have a son” ဆိုပြီး ကြေညာလိုက်တာပါ။ ကလေးရဲ့ ခြေထောက်ကို ရိုက်ထားတဲ့ ပုံလေးကို အဲ့ဒီစာတွေနဲ့အတူ တင်ထားတာပါ။

အခုလို ပရိသတ်တွေကို အံ့သြတကြီးဖြစ်အောင်လုပ်တာဟာ ဒုတိယအကြိမ်မြောက်ပါ။ ပြီးခဲ့တဲ့ဧပြီတုန်းကလည်း လက်ထပ်လိုက်ပြီဆိုပြီး ဆိုင်းမဆင့်ဘုံမဆင့် ချက်ချင်းကြီးကြေညာခဲ့ဖူးပါတယ်။ အိမ်ထောင်ဦးစီးတစ်ယောက်၊ အဖေတစ်ယောက်ဖြစ်သွားတဲ့ ဂယ်ရီကတော့ သူ့ရဲ့ တစ်ကိုယ်တော်ဂီတလုပ်ငန်းတွေကို ပြန်လည်စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။