Running Man ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ဂယ်ရီကတော့ သားလေးနဲ့ အတူ ရိုက်ထားတဲ့ ပုံတစ်ပုံကို တင်လိုက်ပါတယ်။ဂယ်ရီဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်လောက် တုန်းက သားလေးရသွားပြီဆိုတဲ့ သတင်းကို အသိပေးခဲ့တာပါ။

လက်ထပ်လိုက်ပြီလို့ ကြေညာခဲ့အပြီး (၇)လအကြာမှာပဲ ရင်သွေးလေးရပြီဆိုတဲ့ သတင်းကို အသိပေး ခဲ့တာပါ။နိုဝင်ဘာ (၂၉)မှာတော့ သူ့ရဲ့ Instagram profile ပုံကို ချိန်း ခဲ့ပါတယ်။ ပုံထဲမှာတော့ သားလေးကို ချီထားတဲ့ ဂယ်ရီကို တွေ့ရမှာပါ။

 

ဂယ်ရီကတော့ လက်ထပ်တဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေကို လုံးဝ ဒိုင်လျှိုထားသူပါ။ ဇနီးကိုလည်း လုံးဝထုတ်မပြပဲ လက်ထပ်လိုက်ပါပြီလို့ ဒီအတိုင်းပဲ ကြေညာခဲ့တာပါ။အနုပညာ လောကထဲက မဟုတ်ပဲ အပြင်လူပါဆိုတဲ့ အချက်ကလွဲရင် ဂယ်ရီဇနီးဘယ်သူ၊ဘယ်ဝါဆိုတာကို အခုထိမသိသေးပါဘူး။Running Man ကနေ ထွက်ပြီး၊ဧပြီမှာတော့ ရုတ်တရက်ကြီး လက်ထပ် လိုက်ပြီလို့ ကြေညာခဲ့တာပါ။

from allkpop

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။