G-Dragon ကတော့ နာမည်ကြီးရက်ပ်ပါအဆိုတော်၊တေးရေးဆရာ၊ record producer, စွန့်ဦးတီထွင်သူ၊fashion icon တစ်ယောက်ပါ။G-Dragon ကတော့ ဂီတအဆိုပိုင်းတင်မဟုတ်ပဲ စီးပွားရေးဘက်ကိုလည်း ဦးလှည့်နေတဲ့  ကိုရီးယားဆယ်လီတွေထဲကတစ်ယောက်ပါ။ပရိသတ်အချစ်တော် G-Dragon  ကတော့ စီးပွားရေးသောင်းကျန်း လိုက်ပြန်ပါပြီ။

ကော်ဖီဆိုင်အသစ်ဖွင့်လိုက်တာပါ။သူ့ရဲ့ Untitled 2017′  ဆိုင်ကတော့ Jeju ကျွန်းမှာ တည်ရှိတာပါ။ဆိုင်ဖွင့်ကိုတော့ ဖေဖော်ဝါရီ (၂၅)ရက်နေ့က လုပ်ခဲ့ပြီး ဒီပွဲကို G-Dragon လည်းတက်ရောက်ခဲ့ပါတယ်။ပေါ့ပေါ့ပါးပါး fancy fashion ဒီဇိုင်းနဲ့ တက်ရောက်လာခဲ့တာာပါ။ အပြာရောင်ဖက်ရှင်ဒီဇိုင်းလုံးဝလန်းနေတဲ့ G-Dragon ကတော့ Customer တွေကို လုံးဝဆွဲဆောင်နိုင်ခဲ့ပါတယ်။

 

ဆိုင်ပိုင်ရှင်ကတင်လန်းတာမဟုတ်ပါဘူး။ဆိုင်ရဲ့ အပြင်အဆင်လေးကလည်း အရမ်းထူးခြားပါတယ်။ပန်းတွေ ၊အနုပညာလက်ရာအလှအပတွေ၊ကော်ဖီဆိုင်ရဲ့ ထိုင်ခုံလေးတွေက အစ အပြင်အဆင်ကတော့ ထူးခြားဆန်းသစ် လှပနေတာကို တွေ့ရမှာပါ။ကော်ဖီသောက်ရုံတင်မဟုတ်ပဲ ခွက်၊ပုလင်း၊အလှဆင်တဲ့ Pins လေးတွေ ကိုလည်း ရောင်း ပါတယ်။ကော်ဖီဆိုင်လေးကိုတော့ ဖေဖော်ဝါရီ (၂၅) ကဖွင့်ခဲ့ပြီး ဖေဖော်ဝါရီ (၂၇)မှာတော့ G-Dragon တစ်ယောက် စစ်မှုထမ်းသွားရမှာပါ။G-Dragon ကတော့ စစ်မှုထမ်းမသွားခင် နှစ်ရက်အလိုလေးမှာတောင် စီးပွားရေး သောင်းကျန်း သွားပါတယ်။

from allkpop