G-Dragon ကတော့  ဖေဖော်ဝါရီ (၂၇)ရက်နေ့မှာ စပြီး စစ်မှုထမ်းတာဝန်တွေကို ထမ်းဆောင်ပါပြီ။ G-Dragon ဟာ စစ်မှုထမ်းတာဝန်ထမ်းဆောင်တဲ့ ဒုတိယမြောက်  BIG BANG အဖွဲ့ဝင်ပါ။ Gangwon ပြည်နယ်၊Cheorwon ခရိုင်မှာရှိတဲ့ 3rd Infantry Division တပ်သားသစ် လေ့ကျင့်ရေးစင်တာမှာ လေ့ကျင့်မှုတွေ ငါးပတ်ကြာခံယူပြီးမှ တာဝန်တွေ ထမ်းဆောင်ရမှာပါ။ Fashion Icon ပီသစွာ G-Dragon ကတော့ စစ်မှုထမ်းဖို့ သွားချိန်မှာတောင် စမတ်ကျကျ ၀တ်စား ပြီး သွားခဲ့ပါတယ်။

အနက်ရောင်ကုတ်အကျီင်္နဲ့ အနက်ရောင် Mask ကိုတပ်ထားခဲ့တာပါ။ချမ်းအေးနေတဲ့ ရာသီဥတုမှာတောင် မှ Fashion Icon  ကြီးကတော့ Sexy ကျကျ ဆွဲဆောင်မှု ရှိနေခဲ့ပါတယ်။သူဝတ်ခဲ့တဲ့ ကုတ် အကျီင်္ကိုပရိသတ်တွေရော၊မီဒီယာတွေကပါ သတိထားမိခဲ့ပါတယ်။

သူဝတ်တဲ့ ကုတ်အင်္ကျီကလည်း သာမန်မဟုတ်ပါဘူး။အရမ်း တန်ဖိုးကြီးပါတယ်။Vetements ဆိုတဲ့ ပြင်သစ်ဖက်ရှင်ကုမ္ပဏီ ကဖြစ်ပြီး တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ($3,820 USD ) လောက် ရှိပါတယ်။ဆိုဒ်လွန်ဒီဒီကုတ်ကတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဆယ်လီတွေ ကြား အရမ်းကို နာမည်ကြီးတဲ့ ဖက်ရှင်တစ်ခုပါ။Vetements Brand ကိုတော့ ၀တ်ဆင်ခဲ့ဖူးတဲ့ ကမ္ဘာကျော် ဆယ်လီ တွေထဲမှာ Kanye နဲ့  Rihanna တို့လည်း ပါပါတယ်။

FROM KOREABOO