Bigbang အဖွဲဝင်တစ်ယောက်ဖြစ်တဲ့ G-Dragon ဟာ ဒီဇင်ဘာလ ၉ရက်နေ့ မှာ ကျင်းပမယ့် IUရဲ့Concertမှာ ဧည်သည်အဆိုတော်အဖြစ်လာရောက်ပြီးတော့ ဖျော်ျြေဖပေးမှာဖြစ်ပါတယ်။
ဒီအကြောင်းကိုတော့ IUဘက်ကနေ နိုဝင်ဘာလ ၂၉ရက်နေ့မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက တိုင်ပေမှာ ပြုလုပ်ခဲ့တဲ့ G-Dragonရဲ့ ဖျော်ျြေဖပွဲမှာ IUက စပရိုက်အနေနဲ့ လာရောက်ဖျော်ဖြေပေးခဲ့ပြီးတော့ ဒီဇင်ဘာလမှာ ပြုလုပ်မယ့် သူရဲ့ Concertမှာ လာရောက်ဖျော်ဖြေပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ G-Dragonကလည်း လိုလိုလားလားနဲ့ သဘောတူခဲ့ပါတယ်။
G-Dragonလာရောက်ဖျော်ဖြေမယ့် IUရဲ့ Concertကိုတော့ ဆိုလ်းမြို့မှာရှိတဲ့ Jamsil Indoor Stadiumမှာ ပြုလုပ်ကျင်းပမှာဖြစ်ပြီး ၂၀၁၇ခုနှစ် အတွက် IUရဲ့ နောက်ဆုံးဖျော်ဖြေပွဲလည်းဖြစ်ပါတယ်။
Source: Soompi