G-Dragon နဲ့Jooyeonတို့ဟာ kwai ဆိုတဲ့ social media တစ်ခုမှာ video တစ်ခုတင်ခဲ့တာကို ပရိသတ်တွေ ရှာဖွေတွေ့ရှိပြီးနောက် သူတို့ (၂)ယောက်တွဲနေကြတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

နှစ်ဖက်စလုံးရဲ့ အေဂျင်စီတွေက ဒီသတင်းကိုငြင်းခဲ့ပေမဲ့ G-Dragon နဲ့Jooyeon တို့ တစ်နေရာထဲမှာ အတူတူရှိခဲ့တယ်ဆိုတာပြတဲ့ ဓါတ်ပုံတွေထွက်လာခဲ့ပါတယ်။

YG Entertainmentကတော့ ဒါဟာ G-Dragon ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်လို့ ငြင်းလဲမငြင်းသလို အတည်လည်းပြုပေးမှာ မဟုတ်ဘူးလို့ အစောပိုင်းမှာပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း YG Entertainment ကနေ သတင်းတစ်ခု ထပ်ထုတ်ခဲ့ပါတယ်။ အဲဒါကတော့ G-Dragon နဲ့Jooyeon တို့ဟာ သူငယ်ချင်းတွေပဲဖြစ်ကြပြီး ဟာဝိုင်အီက ဓါတ်ပုံတွေကတော့ သူတို့နှစ်ယောက်လုံးနဲ့ သိကျွမ်းတဲ့ ပွဲတစ်ခုကို တက်ခဲ့ကြလို့ ဓါတ်ပုံထဲမှာ နေရာတွေတူနေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါကိုကြည့်ခြင်းအရတော့ သူတို့ဟာ စိတ်တူ၊ ၀ါသနာတူ သူငယ်ချင်းတွေဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။