f(x) gril group အဖွဲ့ဝင် Victoria ဟာ ပရိုမိုးရှင်းအတွက် ထိုင်းနိုင်ငံမှာ ရောက်ရှိနေခဲ့တာပါ။ အဲ့ဒီကိုရောက်နေတုန်းမှာ သူမရဲ့ ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် အရေးပေါ် ခွဲစိတ်မှုလုပ်ဖို့ လိုအပ်ခဲ့ပါတယ်။

သတင်းတွေအရတော့ သူမဟာ ဘန်ကောက်မှာ ဒရမ်မာဇာတ်ကားသစ် ရိုက်ကူးနေရင်းနဲ့ နေမကောင်းဖြစ်ခဲ့တာပါ။ ကျန်းမာရေးအခြေအနေကြောင့် သူမရဲ့ အချိန်ဇယားတွေ အားလုံးကိုရပ်ဆိုင်းခဲ့ပြီး ကုသမှုခံယူဖို့ တရုတ်ကို ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။ အခြေအနေ အရမ်းဆိုးလို့ ခွဲစိတ်မှုတောင် လုပ်ခဲ့ရပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ ဘာရောဂါဖြစ်တာလဲ၊ ဘာကြောင့် ခွဲစိတ်မှုလုပ်ရတာလဲ ဆိုတာတွေကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ Victoria တစ်ယောက် ပြန်နေကောင်းသွားပါပြီ။ သူမရဲ့ Weibo အကောင့်ကနေ “ကျွန်မ အဆင်ပြေပါတယ်။ ကျွန်မအတွက် စိတ်မပူကြပါနဲ့။ နောက် (၂)ရက်လောက်ဆိုရင် ပြန်နေကောင်းလာပြီး ပြေးလို့တောင်ရပြီ။ ရာသီဥတုကအေးလာလို့ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါလို့” လို့ တင်ထားခဲ့ကြောင်း koreaboo မှာဖော်ပြထားပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။