Kim Heechul ကတော့ လက်တလောမှာ လက်ထပ်ဖြစ်မှာ မဟုတ်သေးဘဲ အချိန်ခဏစောင့်ဖို့ လိုအပ်နေပါတယ်။ JTBC ရဲ့ Ask Us Anything အစီအစဉ်ရဲ့ အပိုင်း (၅) မှာတော့ Kim Heechul နဲ့ Min Kyunghoon တို့က ဗေဒင်ဆရာနဲ့ တွေ့ဆုံခဲ့ကြပါတယ်လို့ kstarlive က ရေးသားလာခဲ့ပါတယ်။

 

ဗေဒင်ဆရာနဲ့ တွေ့တဲ့အချိန်မှာတော့ rapper အဖြစ် promotions လုပ်ဖို့အတွက် stage names တွေ ရွေးနိုင်ဖို့ မေးခဲ့ကြတာ ဖြစ်ပါတယ်။ နာမည်တွေ ရွေးနေတဲ့အချိန်မှာပဲ ဗေဒင်ဆရာကနေ Heechul က သိက္ခာကြီးတဲ့ ကောင်လေးပုံစံမျိုးပဲလို့ ပြောခဲ့ပါတယ်။

 

ဒါ့အပြင် ဗေဒင်ဆရာက Heechul ရဲ့ လက်ထပ်ခြင်းနဲ့ ပတ်သတ်ပြီးတော့လည်း ပြောခဲ့ပါသေးတယ်။ နည်းနည်းတော့ နောက်ကျပြီးမှ လက်ထပ်ဖြစ်လိမ့်မယ် လို့ ပြောတဲ့အခါမှာ Heechul က ဘယ်တော့လောက်လဲလို့ မေးခဲ့ပါတယ်။ အဖြေကတော့ အနည်းဆုံး Heechul အသက် ၄၅ နှစ်လောက် ရောက်မှ လက်ထပ်ဖြစ်မှာပါလို့ ပြောခဲ့ပါတယ်။

Heechul ကတော့ ၄၅ နှစ်မှ လက်ထပ်ဖြစ်မယ်ဆိုရင် နောက်ထပ် ၇ နှစ် ထပ်စောင့်ရအုံးမယ့် သဘောပေါ့လို့ ဆိုပြီး အံ့သြနေခဲ့ပါတယ်။

 

Heechul ကတော့ ၁၉၈၃ ခုနှစ်ဖွား တစ်ဦး ဖြစ်ပြီး အခုဆို ၃၈ နှစ် ရှိပြီး လက်ရှိမှာတော့ TWICE’s Momo နဲ့ တရားဝင် တွဲနေတာပဲ ဖြစ်ပါတယ်။

Kham