After School အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Yoo So Yong ဟာ အေဂျင်စီသူဌေးတစ်ယောက်ဆီကနေ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

“အေဂျင်စီရဲ့သူဌေးနဲ့တွေ့ပြီး စာချုပ်ချုပ်ဖို့ ချိန်းခဲ့ပါတယ်။ နောက်နေ့မှာ သူက ကျွန်မအေဂျင်စီကို ရောက်လာတာကို ဂုဏ်ပြုချင်တယ်ပြောလို့ ကျွန်မလည်းလိုက်သွားခဲ့ပါတယ်။ သူနဲ့အတူတူ အရက်သောက်ခဲ့ပြီးတဲ့အခါမှာတော့ တက္ကစီငှားပြီး ပြန်ပို့ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မလက်ကို တစ်ချိန်လုံးကိုင်ထားခဲ့တယ်”လို့ Yoo So Yong က ဆိုပါတယ်။

တက္ကစီပေါ်ကဆင်းတဲ့အချိန်မှာလည်း အဲဒီသူဌေးက Yoo So Yong ရဲ့လက်ကိုမလွှတ်ဘဲ နည်းနည်းလောက် စကားထပ်ပြောဖို့ ပြောခဲ့ပါတယ်။ Yoo So Yong ကတော့ အဲဒီအချိန်မှာ အရမ်းကိုကြောက်နေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် Yoo So Yong ဟာ ၂၄ နာရီဖွင့်တဲ့ဆိုင်တစ်ခုကို သွားကြဖို့ပြောခဲ့ပါတယ်။ အဲဒီသူဌေးဟာ Yoo So Yong ရဲ့လက်ကို ကိုင်ထားပြီးတော့ သူ့ရဲ့ စိတ်ခံစားချက်တွေကို လက်မခံမချင်း လက်ကိုမလွှတ်နိုင်ဘူးလို့ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ Yoo So Yong က ပြောပြခဲ့ပါတယ်။

နောက်တစ်နေ့မှာတော့ အဲဒီအေဂျင်စီသူဌေးဟာ မနေ့က အရမ်းမူးနေတာဖြစ်တဲ့အတွက် ဘာမှကို မမှတ်မိတော့တဲ့ အကြောင်းပြောပြီး စာချုပ်ကိုလည်း ဖျက်ခဲ့တယ်ဆိုတဲ့အကြောင်းကို Yoo So Yong ကပြောပြခဲ့ပါတယ်။

ပိုပြီးတော့ ထိတ်လန့်စရာကောင်းတာကတော့ Yoo So Yong ဟာ အခြားအေဂျင်စီတွေမှာလည်း အခုလိုမျိုး စော်ကားမှုတွေ ကြုံခဲ့ရပါတယ်တဲ့။

source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။