နာမည်ကျော် ကလေးအမြွှာတွေဖြစ်တဲ့ Seoun နဲ့ Seojun တို့ရဲ့မိဘတွေကို ၄င်းတို့အိမ်အောက်ထပ်မှာနေထိုင်တဲ့ အိမ်နီးချင်းက အင်စတာရမ်ကတဆင့် မကျေနပ်ချက်တွေကို ဖွင့်ထုတ်ခဲ့ကြောင်း kstarlive သတင်းအရ သိရပါတယ်။ အဆိုပါ အိမ်နီးချင်းက “အခုက အောက်ထပ်က အိမ်နီးချင်းပါ။ ကလေးတွေကို အချိန်မရွေး ကြမ်းပေါ်မှာပြေးခိုင်းမယ်ဆိုလည်း ကြမ်းခင်းလေးတော့ ခင်းသင့်ပါတယ်။ ကျွန်မလည်း ဒီအကြောင်း ယဉ်ယဉ်ကျေးကျေးပဲပြောနေတာ ၅ခါလောက်ရှိပြီ။ ပြောပေမယ့်လည်း ဘာမှမလုပ်ကြတော့ ကျွန်မဘယ်လောက်ထိ စိတ်ရှည်သည်းခံနေရဦးမှာလဲ။”

“သည်းခံနေတာ တစ်နှစ်ကျော်လောက်ရှိပြီ။ အခုဆို ကျွန်မလည်းကိုယ်ဝန်ရှိနေပြီ။ ထပ်ပြီး သည်းမခံနိုင်တော့ဘူး။ ဒါကြောင့် ဒီမှာပဲစာရေးလိုက်တယ်။ တစ်ခုခုလုပ်ပေးပါ။” လို့ ဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ Moon Jungwon က သူမရဲ့အင်စတာဂရမ်ပေါ်မှာ အခုလို တောင်းပန်စာအရှည်ကြီး ရေးခဲ့ပါတယ်။ “နောက်ဆုံး ကျွန်မနဲ့စကားပြောပြီးကတည်းက ကျွန်မ သေချာသတိထားတာပါ။ အိမ်ထဲက နေရာအချို့မှာ ဖျာတွေလည်းခင်းထားတယ်။ ဒါပေမဲ့ အဆင်မပြေတော့ တစ်အိမ်လုံးကို gym ဖျာတွေခင်းဖို့ဆုံးဖြတ်ထားပါတယ်။ အခု ခင်းနေတုန်းပါ။ ကလေးတွေ ကစားချင်တဲ့အခါ ၃ထပ်မှာသွားကစားခိုင်းဖို့လည်း စီစဉ်ထားပါတယ်။ ကျွန်မသားတွေက ယောက်ျားလေးတွေဖြစ်လို့ အရမ်းဆော့ပါတယ်။ အခုတလောလည်း သူတို့ကို အများကြီးလိုက်ဆူနေရတာပါ။ အောက်ထပ်က အိမ်နီးချင်းကဆူတယ်ဆိုပြီး တိုင်တယ်လို့ သူတို့ကိုပြောပြတယ်။ ဒါပေမဲ့ ယောက်ျားလေးတွေက တစ်ခါတစ်လေထိန်းရခက်တယ်လေ။”

“ကျွန်မနဲ့ အမြွှာလေးတို့နှစ်ယောက် ရှင့်ဆီလာပြီး ခေါင်းညွှတ်တောင်းပန်ပြီးတာတောင် အဆင်မပြေသေးဘူးဆိုတော့ ဝမ်းနည်းရပါတယ်။ အဆောက်အဦးရဲ့ဖောင်ဒေးရှင်းကြောင့်လည်း ဖြစ်မှာပါ။ ဒီလိုဆိုရင်တော့ ပြဿနာက အလွယ်တကူဖြေရှင်းလို့မရဘူးလေ။ ဒီအတွက် တောင်းပန်ပါတယ်။” လို့ ပြန်ပြောခဲ့တာပါ။ ဒါပေမဲ့လည်း လူအချို့ကတော့ တောင်းပန်တယ်ဆိုပေမယ့် စာအဆုံးနားမှာ အဆောက်အဦးဖောင်ဒေးရှင်းမကောင်းဘူးဆိုပြီး ဆင်ခြေပေးတာကိုတော့ သဘောမကျဖြစ်နေကြောင်း သိရပါတယ်။

CeleNow