ကိုရီယား K-pop အဖွဲ့တွေထဲမှာမှ အနုပညာလောကထဲကို ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ဖူးခဲ့တဲ့၊ လူတွေသတိမထားမိကြတဲ့ K-pop မင်းသားတွေ ရှိနေပါတယ်။ သူတို့တွေကတော့ တချို့ဇာတ်လမ်းတွဲတွေရဲ့ ငယ်ဘ၀ကို သရုပ်ဆောင်ခဲ့ဖူးကြတာရှိသလို ရှိုးတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ကြတာတွေလည်းရှိပါတယ်။ သူတို့တွေကတော့ အနုပညာလောကထဲကို ငယ်ငယ်ကတည်းက သရုပ်ဆောင်အဖြစ် ၀င်ရောက်ခဲ့ကြပေမယ့် ကြီးလာတော့ အဆိုတော်လိုင်းကို ပြောင်းခဲ့ကြတာပါ။

(၁) BIGBANG Taeyang

(၂၀၀၁) ခုနှစ်မှာ Taeyang က Jinusean ရဲ့”A-Yo” သီချင်းခွေမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ နှစ်အနည်းငယ်ကြာမှာတော့ “Kiss Me Much” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။

ကိုရီးယားနိုင်ငံမှာရော ၊ မြန်မာမှာပါ BIGBANG အဖွဲ့က နာမည်ကြီး K-pop အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ ကျော်ကြားမှုကတော့ ကမ္ဘာတစ်လွှားက ပရိသတ်တွေဆီအထိ ထိုးဖော်က်ခဲ့ကြပါတယ်။ Taeyang ကလည်း BIGBANG အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ ဖေဖော်ဝါရီ (၃)ရက်နေ့မှာ မင်းသမီး Min Hyo Rin နဲ့လက်ထပ်တော့မှ ဖြစ်ပါတယ်။

(၂) BIGBANG G-Dragon

လူတော်တော်များများက G-Dragon ကလေးသရုပ်ဆောင်ဖြစ်ခဲ့ဖူးတာကို မသိကြပါဘူး။ G-Dragon က “Taebaek Mountains” ရုပ်ရှင်ဇာတ်ကားမှာရော၊ တီဗီအစီအစဉ် တစ်ခုဖြစ်တဲ့ BoBoBo မှာပါ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

G-Dragon ဟာ K-pop အဖွဲ့ဖြစ်တဲ့ BIGBANG အဖွဲ့မှာ ခေါင်းဆောင် တစ်ယောက်ပါ။ BIGBANG အဖွဲ့ကတော့ ကမ္ဘာတစ်လွှားမှာ ကျော်ကြားတဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ G-Dragon က အရမ်းအောင်မြင်တဲ့ သီချင်းရေးဆရာ ၊ ပရိဂျူဆာအဖြစ်လည်း ရပ်တည်နေနိုင်ပါပြီ။

(၃) iKON Chanwoo

Chanwoo ကတော့ iKON အဖွဲ့မှာ အဆိုတော်မဖြစ်ခင် (၆)နှစ်လောက် ကလေးသရုပ်ဆောင် လုပ်ခဲ့ဖူးပါတယ်။ The Great King, Sejeong နဲ့  Boys Over Flowers ၊ The Heirs ဇာတ်လမ်းတွဲတို့မှာ  Lee Min Ho ရဲ့ ငယ်ဘ၀ကို သရုပ်ဆောင်ခဲ့ဖူးပါတယ်။

နောက်ပိုင်းမှာတော့ Chanwoo က iKON အဖွဲ့ရဲ့ အဖွဲ့ဝင်အသစ် ဖြစ်လာခဲ့ပါတယ်။ iKON အဖွဲ့ ဖန်တီးထားတဲ့ Comeback အခွေဟာ ဇန်န၀ါရီ (၂၅) ရက်နေ့မှာ ထွက်ရှိမှာဖြစ်ကြောင်း သိရပါတယ်။

(၄) FTISLAND Lee Hongki

Lee Hongki က သရုပ်ဆောင်ပိုင်းကို (၂၀၀၂)ခုနှစ်မှာ စတင်ခဲ့ပြီး FTISLAND အဖွဲ့ကို မ၀င်ရောက်ခင် ကလေးသရုပ်ဆောင်အဖြစ် ဇာတ်လမ်းတွဲနဲ့ တီဗီအစီအစဉ်တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

FTISLAND အဖွဲ့ထဲကို ၀င်ရောက်ပြီးနောက်မှာလည်း သရုပ်ဆောင်လုပ်ငန်းကိုလည်း လုပ်ခဲ့တယ်။ tvN လိုင်းမှာ ပြသခဲ့တဲ့ “A Korean Odyssey” မှာ P.K အဖြစ်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

(၅) Wanna One Park Jihoon

Park Jihoon ကတော့ (၂၀၀၆)မှာ အနုပညာလောကထဲကို ကလေးသရုပ်ဆောင်အဖြစ် ၀င်ရောက်ခဲ့ပြီး Jumong ၊ The King and I နဲ့ Iljimae ဇာတ်လမ်းတွဲတွေမှာ ကလေးသရုပ်ဆောင် လုပ်ခဲ့ဖူးပါတယ်။ “The King and I” ဇာတ်လမ်းတွဲမှာ ကုံးကုံးအဖြစ် ကလေးသရုပ်ဆောင်ခဲ့ရာကနေ နာမည်ရလာခဲ့ပါတယ်။ 

အခုဆိုရင် သူဟာ ကိုရီးယားမှာ နာမည်ရနေတဲ့ Wanna One အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပါပြီ။ Wanna One အဖွဲ့ကတော့ ပြည်တွင်းမှာမှ မဟုတ်ပါဘူး၊ ပြည်ပတွေအထိပါ နာမည်ကြီးနေတဲ့ K-pop အဖွဲ့ပဲဖြစ်ပါတယ်။

(၆) BOYFRIEND Minwoo

Minwoo ကတော့ K-pop ဘက်မှာ မကျော်ကြားခင် “Ghost Pang Pang”၊ “My Sweetheart My Darling” နဲ့ “Eleventh Mom” ရုပ်ရှင်ဇာတ်ကားတွေမှာ ကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ဖူးပါတယ်။

Minwoo က BOYFRIEND အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲဖြစ်ပါတယ်။ BOYFRIEND အဖွဲ့ကတော့ ကိုရီယားရော၊ ဂျပန်မှာပါ အောင်မြင်နေတဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။

(၇) Sulli

Sulli ကတော့ သူမ အသက် (၁၁)နှစ်ကတည်းက SBS မှ ထုတ်လုပ်ရိုက်ကူးတဲ့ “Ballad of Seodong” ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ f(x) အဖွဲ့ကို မ၀င်ခင် SBS က ရိုက်ကူးတဲ့ ခရီးသွားအစီအစဉ်နဲ့ “Babo” ဇာတ်လမ်းမှာလည်း ကလေးသရုပ်ဆောင် လုပ်ခဲ့ဖူးပါတယ်။

Sulli က f(x) အဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ်လည်း နာမည်ကြီး၊ ကျော်ကြားမှုတွေ ရခဲ့တဲ့အပြင် SXSW မှာ ပထမဆုံးပါဝင်ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး K-pop မိန်းကလေးအဖွဲ့ပဲဖြစ်ပါတယ်။ Sulli က အဖွဲ့ကနေ ထွက်ပြီးနောက်မှာ “Real” ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

source : koreaboo