Sammy Cowell က တော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသမီး တစ်ယောက်ပါ။သူမကိုတော့ Sammy Punthita Cowell ဆိုပြီး တော့လည်း လူသိများ ပါတယ်။ထိုင်း-ဗြိတိန် ကပြား ဖြစ်ပြီး လက်ရှိမှာတော့ ထိုင်းနိုင်ငံ အခြေစိုက် အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင် နေပါတယ်။၁၉၉၁ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ဘန်ကောက်မြို့ မှာ မွေးဖွား ခဲ့တာပါ။အဖေ က တော့ British ဖြစ်ပြီး အမေ က တော့ ထိုင်းလူမျိုး ပါ။သူမရဲ့ ပညာ အရည် အချင်းက တော့ Ramkhamhaeng University က နေ communication arts နဲ့ ကျောင်းပြီး ခဲ့တာပါ။

 

View this post on Instagram

 

A post shared by ★ Sammy Cowell ★ (@sammycowelll)

 Sammy Cowell က တော့ ရေခဲမုန့် ကြော်ငြာ တစ်ခု မှာ မော်ဒယ် အဖြစ်နဲ့ ပါဝင် ခဲ့တာပါ။2007 Thai Supermodel မှာ လည်း ၀င်ရောက် ယှဉ် ပြိုင် ပြီး အနိုင် ရခဲ့ပါတယ်။ Cowell က တော့ Channel 7 နဲ့ စာချုပ် ချုပ် ဆို ထားပါတယ်။သူမက တော့ အစ မှာ ဇာတ်ပို့ နေရာ တွေ က နေ ပါဝင် သရုပ် ဆောင်ရင်း နဲ့ လက်ရှိမှာတော့ အောင်မြင် တဲ့  မင်းသမီး တစ်ယောက် အဖြစ် ရပ်တည် နေပါတယ်။

 

View this post on Instagram

 

A post shared by ★ Sammy Cowell ★ (@sammycowelll)

2008 မှာ တော့ Sitcom ဇာတ်ကား KuKik Prik Gub Gleur မှာ မင်းသား Shane Nattawat Plengsiriwat နဲ့ အတူ တွဲ သရုပ် ဆောင် ခဲ့ပါတယ်။ဇာတ်ပို့နေရာ က နေ   ဇာတ်ကားတွေ မှာ ပါဝင် သရုပ် ဆောင်ပြီး နောက် မှာတော့ အဓိက ဇာတ်ကောင် နေရာ ကို ရခဲ့ပါတယ်။၂၀၀၉ မှာ Pob Pee Fah ဆိုတဲ့ ဇာတ်ကားမှာ အဓိက အခန်းကဏ္ဍ က နေ မင်းသား Thana Suttikamol နဲ့ အတူ တွဲ သရုပ် ဆောင်ခဲ့ပါတယ်။၂၀၁၂ မှာတော့ Nang Baeb Koke Gradone ဆိုတဲ့ ဇာတ်ကားမှာ ခေါင်းဆောင် နေရာ ကေ န ပါဝင်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by ★ Sammy Cowell ★ (@sammycowelll)

၂၀၂၁ ထဲမှာတော့ Talay Luang (2021) ဆိုတဲ့ ဇာတ်ကားသစ် ထွက်ထားပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသား Mik Thongraya နဲ့ အတူ တွဲ သရုပ် ဆောင်ထားပါတယ်။သူတို့နှစ်ယောက် စုံတွဲ နေရာ က နေ ပါဝင် သရုပ်ဆောင် တဲ့ ပထမဆုံး ဇာတ်ကားပါ။နောက်ထပ် ဇာတ်ကားသစ် တွေ အနေနဲ့ က တော့ Sai Roong (2021) ၊ Plerng Prissana (2021) ဆိုတဲ့ ဇာတ်ကားတွေ လည်း ထွက်လာ ဖို့ ရှိပါတယ်။

 

View this post on Instagram

 

A post shared by ★ Sammy Cowell ★ (@sammycowelll)

 

View this post on Instagram

 

A post shared by ★ Sammy Cowell ★ (@sammycowelll)

#celenow(ref;wiki)