D.O ရဲ့ နာမည်အရင်းက တော့ Do Kyungsoo ပါ။သူက ကတော့ အာရှ တစ်လွှားမှာ ရှိတဲ့ မိန်းကလေး ပရိသတ် တွေရဲ့ အားပေးဝန်းရံ မှုကို အပြည့် အ၀ ရထားတဲ့ EXO အဖွဲ့ ၀င် တစ်ယောက်။လူချစ်လူ ခင် အရမ်း ပေါ တဲ့ D.O အ ကြောင်း ကို ပရိသတ်တွေ အတွက် ဝေမျှ ပေးချင်ပါတယ်။

ငယ်ဘဝ

 

View this post on Instagram

 

A post shared by EXO Official (@weareone.exo)

သူက တော့ ၁၉၉၃ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်နေ့က Goyang မြို့ မှာ မွေး ဖွားခဲ့တာပါ။ငယ်ငယ်က Goyang Poongsan မူလ န်း ကျောင်းမှာ တက်ခဲ့တာပါ။သူ့မှာတော့ Doh Seung-soo ဆိုတဲ့ အစ်ကို ရှိပါတယ်။D.O ထက် သုံး နှစ်ကြီး ပါတယ်။D.O က တော့ ငယ်ငယ် မူလတန်း ကျောင်းသားဘ၀ တည်းက သီချင်း စ ဆိုခဲ့ တာပါ။သီချင်း ပြိုင် ပွဲ တွေ ဆိုရင် ၀င်ဆို ၀င် ပြိုင် လေ့ရှိ ပါတယ်။ သီချင်းဆိုပြိုင်ပွဲတစ်ခု မှာ အနိုင် ရပြီး နောက် ၂၀၁၀ မှာတော့ SM Entertainment ရဲ့ လူရွေးပွဲမှာ ၀င်ပြိုင် ဖို့ အကြံ ပေးခံခဲ့ရပါတယ်။အထက် တန်း နောက်ဆုံး ဒုတိယ နှစ်မှာပဲ Trainee ဖြစ်လာခဲ့ပါတယ်။ S.M ရဲ့ လူ ရွေးပွဲ မှာတော့ Na Yoon-kwon ရဲ့ “Anticipation”  Brown Eyed Soul’ ရဲ့ “My Story” တို့ ကို သီဆို ယှဉ် ပြိုင်ခဲ့ပါတယ်။

အဆိုတော်ဘ၀အစ

View this post on Instagram

A post shared by EXO Official (@weareone.exo)

D.O က တော့ ဟိုးငယ်ငယ်လေးတည်းက သီချင်းဆိုရတာ ၀ါသနာ ပါပြီး သူ့ဘ၀ တစ်ခု လုံးကို ဂီ တဘက် မှာ လုံးဝ မြှုပ်နှံ လာခဲ့သူပါ။သူ့ အသက် ၁၇ မှာတော့ SM နဲ့ လက်တွဲ ခဲ့ပါတယ်။မိဘ တွေကလည်း D.O ကို အဆိုတော် ဖြစ်စေချင်ပြီး လုံးဝ အပြည့် အ၀ ပံ့ပိုး ပေးခဲ့ပါတယ်။D.O က တော့ သူ့ အဖေ က အနုပညာနဲ့ ပတ်သက်တဲ့ စီးပွားရေးကို လုပ်ပြီး သူက ဒါကို အမွေ ဆက်ခံ ရမယ့် လူ လို့ ပြောဖူးပါတယ်။ D.O. က တော့ ၂၀၁၂ ဇန်န၀ါရီ ၃၀ မှာ EXO ရဲ့ (၈) ယောက် မြောက် အဖွဲ့ ၀င် ဖြစ်လာခဲ့ပါတယ်။EXO အဖွဲ့က တော့ 2012 ဧပြီ ၈ ရက်နေ့မှာ Mama နဲ့ ပွဲဦး ထွက်ခဲ့ပါတယ်။၂၀၁၃ ဇူလိုင် မှာတော့ f(x)ရဲ့ ဒုတိယ အယ်ဘ မ် Pink Tape ထဲက “Goodbye Summer” သီချင်းမှာ Featuring အဖြစ် ပါဝင် ပေးခဲ့ပါတယ်။

တခြား အဖွဲ့ဝင် တွေကို အမေ တစ်ယောက်လို စောင့်ရှောက်

 

View this post on Instagram

 

A post shared by EXO Official (@weareone.exo)

EXO အဖွဲ့ မှာတော့ တခြား အဖွဲ့ ၀င် တွေ အပေါ် အမေကြီး တစ်ယောက်လို D.O က စောင့် ရှောက် တယ်ဆိုပြီး နာမည်ကြီး ပါတယ်။တခြား အဖွဲ့ ၀င် တွေ ကို အမြဲ တမ်း ချက်ပြုတ် ကျွေး မွေး လေ့ ရှိပါတယ်။အခန်းတွေ ရှုပ် ပွ နေရင်လည်း  အမေ တွေက သူတို့ ကလေးတွေ ကို ဆူသလို ပူညံ ပူညံ လုပ် လေ့ရှိပါတယ်။

D.O ရဲ့ Personality

View this post on Instagram

A post shared by EXO Official (@weareone.exo)

D.O က တော့ အနေ အေးတဲ့ လူတစ်ယောက်ပါ။သူ့ရဲ့ ပင်ကိုယ်က ကို အေးအေးနဲ့ တိတ်တိတ် ဆိတ် ဆိတ် ပဲ နေတတ်တာပါ။တစိမ်း တွေနဲ့ ဆိုရင် အရမ်း ရှက်တတ်ပါတယ်။စကားဝိုင်း တစ်ခုမှာ အရင် အစပျိုးပြီး စကားပြောတတ်တဲ့ လူမျိုးနဲ့မှ D.O နဲ့ က အဆင် ပြေ တာပါ။မဟုတ်ရင် တော့ တစိမ်း နဲ့ ဆိုရင် ရှက်တတ်တာနဲ့ ဟိုဖက်ကလည်း စကား အရင် စ မပြော တတ်တဲ့ လူမျိုးဆိုရင် တော့ အဆင် မပြေ နိုင်ပါဘူး။D.O မှာ တော့ စိတ်လှုပ်ရှား နေရင် ပြော ရမယ့် စကား. လုပ်ရမယ့် အရာ တွေ ကို မေ့သွား တတ်တဲ့ အကျင့် ရှိပါတယ်။လက်သည်းကိုက်တတ်တဲ့ အကျင့်ရှိပါတယ်။

EXO အဖွဲ့ဝင် တွေနဲ့ D.O ဆက်ဆံရေး

 

View this post on Instagram

 

A post shared by EXO_CY (@real__pcy)

Kai နဲ့က တော်တော် လေး ခင် ကြပါတယ်။ Chanyeol က သူ့ထက် အသက် တစ်နှစ်ပို ကြီးပါတယ်။ဒါပေမယ့် Chanyeol  က သူငယ်ချင်းတွေ လိုပဲ နေ ချင် တယ်လို့ ပြောထားတာကြောင့် အစ်ကို လို့ မခေါ် ပဲ ဘော်ဒါ လိုပဲ ခေါ် ကြ ပြော ကြပါတယ်။D.O က သီချင်းဆိုရတာ ကြိုက်ပြီး Chanyeol က ဂစ်တာ တီးရတာ ကြိုက်ပါတယ်။

D.O ရဲ့ တခြား Skill နဲ့ ၀ါသနာ တွေ

View this post on Instagram

 

A post shared by EXO Official (@weareone.exo)


D.O က အချက်အပြုတ် လည်း အရမ်း တော်ပါတယ်။အဆိုတော် မဖြစ်ခဲ့ရင် စားဖိုမှူး ဖြစ်ချင်တဲ့ လူပါ။စန္ဒရား တီးတတ်ပါတယ်။သီချင်းတွေကို တိုးတိုး လေး လေး ဆိုရတာ ကြိုက်တယ်။သီချင်း ရေး၊သီချင်း ဆို၊ beatboxing လုပ် ရတာ ကြိုက်ပါတယ်။အကြိုက်ဆုံးဂီတ အမျိုးအစားက တော့ Pop ပါ။ဇာတ်ကားဆိုရင် တော့ စိတ်ကူးယဉ် ဇာတ်ကားမျိုး တွေကို ကြိုက် ပါတယ်။အကြိုက်ဆုံး နံပါတ်က (1) ၊အရောင်က အနက် ၊အစားအစာ က Spaghetti ပါ။အကြိုက်ဆုံးသီချင်းက Travie McCoy ရဲ့  “Billionaire” ပါ။D.O က တော့ F(x) ရဲ့ Fan ပါ။သူ့ရဲ့ Role Model စံပြ ပုဂ္ဂိုလ် က တော့ Yoo Young Jin ပါ။

D.O ရဲ့ တခြား လျှို့ဝှက်ချက်များ

 

View this post on Instagram

 

A post shared by EXO Official (@weareone.exo)

D.O က အသန့် အရမ်းကြိုက်ပါတယ်။အမြဲ တမ်း သပ်သပ် ရပ်ရပ် ၀တ် စား နေထိုင် ရတာကို ကြိုက်ပါတယ်။ချွေးထွက်ရတာကို မုန်းလို့ လေ့ကျင့်ခန်း လုပ်ရတာကိုမကြိုက်ပါဘူး။သူ့ ကိုယ်ပေါ်မှာ မှဲ့ သေးသေးလေးတွေ အများကြီး ရှိပါတယ်။ညဘက် အိပ် မပျော်ရင် ဇာတ်ကား ကြည့်တတ်တဲ့ အကျင့်ရှိ ပါတယ်။EXO အဖွဲ့ဝင် တွေ ကားထဲမှာ ဆုံရင် SHINee ရဲ့ သီချင်းတွေ ကို အများဆုံး နားထောင် ဖြစ် ကြပါတယ်။မျက်မှန် မတပ်ရင် သူ့ မျက်လုံးက ကြည်ကြည် လင်လင် မမြင်ရပါဘူး။

D.O လိုချင်တဲ့ ချစ်သူ ပုံစံ

 

View this post on Instagram

 

A post shared by EXO Official (@weareone.exo)

D.O က တော့ သူလိုချင်တဲ့ ချစ်သူ ပုံစံက ဘယ်လို လဲဆိုတာကို ထုတ်ပြောခဲ့ဖူးပါတယ်။ကြင်နာတတ်ပြီး ကောင်းကောင်းစား တဲ့ မိန်းကလေး မျိုးကို ကြိုက်တယ်လို့ ဆိုပါတယ်။သူကိုယ်တိုင်ကလည်း ချက်ရပြုတ်ရတာ ၀ါသနာပါပြီး သူများကို ချက်ကျွေးရတာ ပျော် တော့ အစား ကြိုက်တဲ့ မိန်းကလေးကို သဘောကျ ပုံရပါတယ်။

သရုပ်ပါ တော်

 

View this post on Instagram

 

A post shared by EXO Official (@weareone.exo)

D.O က အဆိုတင် မဟုတ်ပါဘူး။သရုပ်ဆောင်တဲ့ နေရာ မှာပါ တော်ပါတယ်။သူက တော့ web drama “EXO Next Door” (2015), “Be Positive” (2016) တို့ မှာ ပါဝင်ခဲ့ပါတယ်။ရုပ်ရှင်ကား အနေနဲ့ ဆိုရင် Cart” (2014), “Unforgettable/Pure Love” (2016), “My Annoying Brother” (2016), “Along With the Gods: The Two Worlds” (2017), “Room No.7” (2017), “Swing Kids” (2018) တို့ ရိုက်ခဲ့ဖူးပါတယ်။ဒရမ်မာ ကားတွေ အနေနဲ့ ဆိုရင် တော့………

 

View this post on Instagram

 

A post shared by D.O. EXO (@overdokyungsoo)

“To The Beautiful You” (2012, cameo), “It’s Ok, This is Love” (2014), “Hello Monster” (2015- ep. 1-2), “Be Positive” (2016), “100 Days My Prince” (2018)တို့ မှာ ပါဝင် ခဲ့ဖူးပါတယ်။ 100 Days My Prince ဇာတ်ကား မှာ တော့ မင်းသမီး Nam Ji-hyun နဲ့ အတူ တွဲ သရုပ် ဆောင် ထား ပါတယ်။

 

View this post on Instagram

 

A post shared by Nam Ji-hyun (@hyuniiiiiii_95917)

100 Days My Prince ဇာတ်ကား  ကို တော့ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုနိုင်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ် ကြေး မလိုပဲ ကြည့်ရှုနိုင်ပါတ ယ်။ အာရှတစ်ခွင်က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုလို့ ရပါတယ်။ ဒါကြောင့် Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။

 

#CELENOW(wiki)