Alan Kim က တော့ Minari ဆိုတဲ့ ဇာတ်ကားမှာ David နေရာက နေ ပါဝင် ခဲ့တဲ့ ကလေး သရုပ် ဆောင် လေးပါ။ Minari က တော့ သူ့ရဲ့ ပထမဆုံး ပွဲဦး ထွက် ရုပ်ရှင်ကားပါ။Alan က တော့ Pottery Barn Kids ရဲ့ national campaign မှာ လည်း ပါဝင်ခဲ့ဖူးပါတယ်။Grande 2 တက် ရောက်နေပြီး သူအကြိုက် ဆုံးဘာသာ တွေက တော့ သင်္ချာ နဲ့ သိပ္ပံ လို့ ဆိုပါတယ်။စက်ဘီးစီးရတာကို ကြိုက်ပြီး အားလပ် ချိန် တွေ ဆိုရင် တစ်ခုခုကို ဖန်တီး နေရ တာ သဘောကျ တယ်လို့ ဆိုပါတယ်။ဒီ အကြောင်းကိုတော့ interviewmagazine မှာ ဖော်ပြထားတာပါ။
View this post on Instagram
Minari ကို တော့ ၂၀၂၁ ဇန်န၀ါရီ လကုန်ပိုင်းလောက်က Sundance Film Festival မှာ ပြသ ခဲ့တာပါ။ဒါရိုက်တာက Lee Isaac Chung ဖြစ်ပြီး အမေရိကန် ကို ရွှေ့ပြောင်းနေထိုင် ကြတဲ့ ကိုရီးယားမိသားစု အ ကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားပါ။ဒီကားရိုက်တုန်းက Alan Kim ရဲ့ အသက်က ၇ နှစ် ပဲ ရှိပါ သေးတယ်။ဇာတ်ကားထဲမှာ ပြောရမယ့် စကား တွေ ကို တော့ အမေ ဖြစ်သူရဲ့ အကူအညီ နဲ့ ကြိုးစားမှတ် ခဲ့ပါတယ်။
View this post on Instagram
Minari ထဲမှာ Alan Kim အကြိုက်ဆုံး ဇာတ်ဝင်ခန်း က တော့ ပရိသတ်ကြိုက်တဲ့ အခန်း ဖြစ်ပြီး မကြိုက်ဆုံး အခန်း တော့ မရှိ ပါဘူး လို့ ဆိုပါတယ်။သူ့ အတွက် စိတ်ပျက်စရာအခန်း ဆိုလို့ တစ်ခန်းမှ မရှိပါဘူး လို့ ပြန် ဖြေခဲ့ပါတယ်။ကား ရိုက် တော့ စောင့်ဆိုင်းနေရတာ မျိုး ရှိရင် ပျင်းလား ဆို တော့. မပျင်းပါဘူး။အမြဲ တမ်း တစ်ခုခု နဲ့ ကိုယ့်ကိုယ်ကို အလုပ် များ နေ အောင် နေ ကြောင်း၊စိတ်ပျက်မိတာ တစ်ခုက တော့ နေပူထဲမှာ ရပ် နေရတဲ့ အချိန် တွေကို တော့ စိတ် ပျက် မိတယ် လို့ ပြောခဲ့ပါတယ်။
View this post on Instagram
ဇာတ်ဝင်ခန်းထဲမှာ ပြောရမယ့် စကားတွေကို တော့ မှတ်မိ အောင် ကြိုးစားနိုင် ကြောင်း၊မှတ်ဥာဏ် ကောင်းလို့ အဲ့ နေရာမှာ တော့ မှတ်မိ တယ်လို့ ဆိုပါတယ်။ဒီလို မှတ် မိ အောင် လည်း ဇာတ်ညွှန်းကို အကြိမ် များစွာ ဖတ် တယ်၊ပြီး ရင် တော့ ဇာတ်ညွှန်း မဖတ် တော့ပဲ ကြိုးစားလုပ် တယ်လို့ ပြောခဲ့ပါတယ်။မိခင် ဖြစ်သူက သူ့ကို ဘေး က နေ ကူညီ ပေးခဲ့ ပါတယ်။မိခင်ဖြစ်သူက Minari ဇာတ်ကားမှာပါဝင် ခွင့် ရမယ့် အခွင့်အ ရေးကို တွေ့ပြီး ပါဝင် ချင်လား လို့ မေးလာတဲ့ အခါ မှာတော့ Alan Kim က သဘော တူခဲ့တာပါ။Alan Kim က တော့ သရုပ် ဆောင် အလုပ် တွေကို ဆက်လုပ်ချင်ပါတယ်၊ဒါလုပ်ရတာ ပျော်စရာ ကောင်းတယ်လို့ ပြော ခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
#CELENOW