EXO အဖွဲ့ကတော့ အမျိုးသားချောချောလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Boy group ပါ။ (၂၀၁၁)တုန်းက S.M. Ente rtainment ကနေ ဖွဲ့စည်းခဲ့တာဖြစ်ပြီး (၂၀၁၂)မှာ ပွဲဦးထွက်ခဲ့တာပါ။ အစပိုင်းတုန်းကတော့ Exo-K  နဲ့ Exo-M ဆိုပြီး အဖွဲ့ငယ်ခွဲနှစ်ခု၊ အဖွဲ့ဝင်ပေါင်း (၁၂)ယောက်ရှိခဲ့တာပါ။ အခုကတော့ Suho, Baekhyun, Chanyeol, D.O., Kai, Sehun, Xiumin, Lay နဲ့ Chen ဆိုပြီး အဖွဲ့ဝင် (၉)ယောက် ရှိပါတယ်။ EXO ရဲ့ အောင်မြင်မှုကတော့ တကယ့်ကို အံ့မခန်းပါ။ အခုဆိုရင်တော့ EXO ဟာ နောက်ထပ်အောင်မြင်မှု မှတ်တိုင်သစ်အနေနဲ့ ကိုယ်ပိုင် အမှတ်တံဆိပ် တံဆိပ်ပြားကို ပိုင်ဆိုင်ခွင့် ရတဲ့ ပထမဆုံး K-pop အဖွဲ့ဖြစ်လာခဲ့ပါပြီ။

မတ်(၁၂)တုန်းက အစိုးရပိုင် ကော်ပိုရေးရှင်းအဖွဲ့ကနေ EXO အဖွဲ့အတွက် အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ အမှတ်တံဆိပ်တစ်ခုကို ထုတ်မယ့် အကြောင်းကြေညာခဲ့ပါတယ်။ အဲ့ဒီကော်ပိုရေးရှင်းကတော့ ကိုရီးယားဒင်္ဂါး၊ လုံခြုံရေးဆိုင်ရာ ပရင့်နဲ့ ID Card Operating တွေအတွက် တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အဖွဲ့ပါ။ EXO အဖွဲ့အတွက် တရားဝင်အမှတ်သင်္ကေတအဖြစ် အထိမ်းအမှတ်တံဆိပ်ပြားကို ဧပြီမှာထုတ်မယ့်အကြောင်းကို မတ်လတုန်းက ကြေညာခဲ့ဖူးပါတယ်။ အခုတော့ အဲ့ဒီအထိမ်းအမှတ်တံဆိပ်ပြား ထွက်လာခဲ့ပါပြီ။

ငွေကြေးဆိုင်ရာ ကျွမ်းကျင်ဒီဇိုင်နာတွေကနေ ဖန်တီးပေးခဲ့တာပါ။ အရှေ့ပိုင်းမှာတော့ အဖွဲ့ဝင် (၉)ဦးရဲ့ရုပ်ပုံ ပုံစံ၊ နောက်ကျောမှာတော့ အဖွဲ့ရဲ့ Logo ပါဝင်ပါတယ်။ တံဆိပ်ပြားထွက်ရှိတဲ့ ပွဲကိုတော့ ဧပြီ (၁၈)ရက်နေ့က ဆိုးလ်မြို့ SM COEX Atrium မှာ ကျင်းပခဲ့တာပါ။ အဖွဲ့ကိုယ်စား အဖွဲ့ဝင် (၃)ဦးဖြစ်တဲ့ Baekh yun, Kai နဲ့  Suho တို့ တက်ရောက်ခဲ့ပါတယ်။

 

သူတို့ (၃)ဦးကတော့  အနက်ရောင် Suits ကို ၀တ်စုံပြည့်ဝတ်ဆင်ပြီး တက်ရောက်လာခဲ့တာပါ။ ဒီတံဆိပ်ပြားတွေကိုတော့ ဧပြီ (၂၃) ကစပြီး online shopping mall ကတစ်ဆင့် ရောင်းချသွားမယ်လို့ သိရပါတယ်။ ဗားရှင်း(၂)မျိုးနဲ့ ထွက်လာမှာဖြစ်ပြီး (၂)မျိုးလုံးကို (၉၉.၉)ရာခိုင်နှုန်း  ငွေထည်နဲ့ ဖန်တီးထားတာပါ။ တံဆိပ်ပြား (၅၀၀၀)၊ အစုံ တစ်ရာ ထုတ်လုပ်ထားမယ်လို့လည်း သိရပါတယ်။

Source kstarlive