နိုဝင်ဘာလ ၁၄ရက်နေ့မှာဆိုရင်တော့ SM Entertainment  ကနေ Layဟာ’EXO Planet 4′ ဖျော်ဖြေပွဲတွေမှာ ပါဝင်နိုင်မှာ မဟုတ်တဲ့ အကြောင်းကို ပရိသတ်ကို အသိပေးခဲ့ပါတယ်။

‘EXO Planet 4’ကိုတော့ The EℓyXiOn လို့အမည်ပေးထားပြီးတော့ နိုဝင်ဘာ ၂၄ရက်နေ့မှာ ဆိုလ်းမြို့ရဲ့  Gocheok Sky Dome မှာ EXO ရဲ့ ဖျော်ဖြေပွဲကြီးကို စတင်မှာ ဖြစ်ပါတယ်။

EXO အဖွဲ့ရဲ့ တရုတ်လူမျိုးအဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ Layဟာဆိုရင်တော့ EXO ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “Power” သီချင်းထဲမှာလည်းပါဝင်ခြင်းမရှိခဲ့ပါဘူး။ ဒီ ‘EXO Planet 4’ ဖျော်ဖြေပွဲမှာ မပါဝင်ခြင်းဟာလည်း အခြားသော စီစဉ်ပြီးသား ကိစ္စရပ်တွေကြောင့် ဖြစ်တယ်လို့ SM Entertainmentကတော့ ဖြေရှင်းခဲ့ပါတယ်။

Source- Allkpop

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။