M မဂ္ဂဇင်းနဲ့ လတ်တလောက ပြုလုပ်ဖြစ်ခဲ့တဲ့ အင်တာဗျူးမှာ EXO အဖွဲ့ဝင် D.O ဟာ အစားအစာတွေပြုလုပ်ရတာ ၀ါသနာပါတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။
D.O က သူဟာ အရသာရှိတဲ့ အစားအစာတွေကို ချက်ပြုတ်ရတာရော၊ စားရတာရော ကြိုက်ပါတယ်တဲ့။ ဒါ့အပြင် သူချက်တဲ့ အစားအစာတွေကို သူ့ရဲ့ အပေါင်းအဖော်တွေကလည်း ကြိုက်ကြပါတယ်လို့ D.O က အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ D.O က ငါးဟင်းကိုတော့ ကျွမ်းကျွမ်းကျင်ကျင် ချက်တတ်ပါတယ်လို့ ဆိုပါတယ်။
D.O ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက EXO အဖွဲ့ဝင်တွေကို ဖိတ်ပြီးတော့ ဟင်းချက်ချက်ကျွေးခဲ့ပါသေးတယ်လို့လည်း ပြောခဲ့ပါတယ်။ D.O ချက်ကျွေးခဲ့တဲ့ ဟင်းတွေကတော့ ငါးမုတ်နှပ်၊ ထမင်းကြော်၊ ဆိတ်နံရိုးကင်နဲ့ ခုံးကောင်စွတ်ပြုတ်တို့ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ D.O ကတော့ ဟင်းချက်တာကို တော်တော်ဝါသနာပါပုံပေါ်ပါတယ်။
Source: Kstarlive