EXO Planet #4 ရဲ့ သတင်းစာရှင်းလင်းပွဲမှာဆိုရင်တော့ EXO ဟာ သူတို့ရဲ့ ဂျူနီယာအဖွဲ့ဖြစ်တဲ့ BTS ရဲ့အောင်မြင်မှုနဲ့ပတ်သတ်ပြီး ခြိမ်းခြောက်မှုမျိုးခံစားရလားဆိုတဲ့ မေးခွန်းမျိုး အမေးခံခဲ့ရပါတယ်။ EXO ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Suhoက တကယ်ကို တန်ဖိုးရှိပြီး အရမ်းကောင်းတဲ့ အဖြေကို ဖြေပေးခဲ့ပါတယ်။

“အဖွဲ့တစ်ဖွဲ့က အချိန်တွေအကြာကြီးရှိလာတဲ့အခါ တစ်ချို့ကတော့ ဒီအဖွဲ့ကတော့ အိုသွားပါပြီလို့ထင်တက်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အမြဲတမ်း တမူထူးခြားနေတဲ့ EXOဖြစ်အောင် ကြိုးစားနေပါတယ်။Kpop ကို ကမ္ဘာကသိသွားစေတဲ့ BTS ရဲ့အောင်မြင်မှုအတွက်လည်း အရမ်းပဲ ဂုဏ်ယူရပါတယ်။ ” လို့ Suhoကပြောခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ စီနီယာတွေဖြစ်တဲ့ PSY၊Super Junior၊ Girls’ Generation၊TVXQ နဲ့ SHINeeတို့က Kpopကို ကမ္ဘာကသိဖို့ ကျွန်တော်တို့အတွက် လမ်းဖောက်ပေးခဲ့သလိုမျိုး ဂျူနီယာတွေကို လမ်းဖောက်ပေးရမှာ ကျွန်တော်တို့ရဲ့တာဝန်ပါ။ ကျွန်တော်တို့ အနုပညာအလုပ်တွေကို လုပ်တဲ့အခါလည်း အဲလိုစိတ်မျိုးပဲထားပါတယ်။” လို့ Suhoက ထပ်မံဖြည့်စွက် ပြောဆိုခဲ့ပါတယ်။

လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ EXO ရှိုးပွဲတွေမှာဆိုရင်လည်း ပရိသတ်တွေ အပြည့်အကြပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။ ဒီဇင်ဘာလမှာ လည်း EXO ဟာ Kpopကို ကမ္ဘာကသိအောင် ပြည်ပဖျော်ဖြေပွဲတွေကို ပြုလုပ်ကျင်းပသွားမှာပါ။ EXO ရှိုးပွဲတွေကြည့်ချင်ရင်တော့ ၁စက္ကန့်တောင် နောက်မကျပဲ လက်မှတ်ဝယ်ယူမှ စိတ်ချရမှာဖြစ်ပါတယ်။

Source: koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။