အရင်နှစ်တွေမှာလိုပဲ EXO အဖွဲ့ဟာ ခရစ္စမတ်အတွက်ရည်ရွယ်ထားတဲ့ သီချင်းသစ်ကို ဒီဇင်ဘာလမှာ ဖြန့်ချီပေးသွားမှာပါ။

EXO အဖွဲ့ဟာ အခုလိုမျိုး ဒီဇင်ဘာလမှာ ခရစ္စမတ်အတွက် ရည်ရွယ်ပြီးတော့ ပရိသတ်တွေအတွက် သီချင်းအသစ်တွေဆိုခဲ့တာကတော့ ၂၀၁၃ ခုနှစ်ကတည်းကဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ  ‘Miracles in December’၊ ၂၀၁၄ ခုနှစ်မှာ ‘The Winter’s Tale’၊ ၂၀၁၅ ခုနှစ်မှာ  ‘Sing For You’၊ ၂၀၁၆ ခုနှစ်မှာတော့ ‘For Life’ ဆိုတဲ့ သီချင်းတွေကို ဒီဇင်ဘာလတွေမှာ ဖြန့်ချီခဲ့ပါတယ်။ ဒီနှစ်မှာလည်း ဒီဇင်ဘာလအတွက် သီချင်းသစ်ကို ဖြန့်ချီသွားမှာဖြစ်ပြီး သီချင်းကိုတော့ ဒီဇင်ဘာ၂၄ ကနေ ၂၆ ရက်အထိပြုလုပ်မယ့် EXO PLANET #4 မှာ ပထမဆုံးအကြိမ်အဖြစ် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

Source: Kstarlive

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။