EXO အဖွဲ့ဝင် Chanyeol ဟာဆိုရင်တော့  EXO အဖွဲ့ထဲမှာ တက်တူးထိုးရတာကို အနှစ်သက်ဆုံးသူတစ်ယောက်ဆိုရင် မမှားပါဘူး။ အခုလည်း သူ အသစ်ထိုးထားတဲ့ တက်တူးကို သူ့ရဲ့ Instagram ပိုစ့်မှာ ပရိသတ်တွေက တွေ့ရှိခဲ့ပါတယ်။

အဲဒီတက်တူးအသစ်ဟာ ပုံထဲမှာ သိပ်တော့မမြင်ရပေမဲ့ “485”ဆိုတဲ့ နံပါတ်လေးကတော့ သိသိသာသာလေးပေါ်နေပြီး EXO ပရိသတ်တွေက အတော်စိတ်ဝင်စားနေကြပါတယ်။

EXO ရဲ့ Fanclub ဖြစ်တဲ့ EXO-L ကို သြဂုတ်လ (၈လပိုင်း) ၅ရက်နေ့ ၂၀၁၅ ခုနှစ်မှာ စတင်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒါကို အစွဲပြုပြီးတော့ EXO ရဲ့ Koko Bop လိုခေါ်တဲ့ သီချင်းရဲ့ MV မှာလည်း L-1485 ဆိုတဲ့ ကားနံပါတ်ပြားကို အသုံးပြုပြီး သူတို့ရဲ့ ပရိသတ် EXO-L တွေကို ဂုဏ်ပြုခဲ့ပါတယ်။

တကယ်ပဲ Chanyeol ရဲ့လက်က တက်တူးက “1458” ဆိုရင်တော့ EXO ပရိသတ်တွေဖြစ်တဲ့ EXO-L တွေက Chanyeol ကို အချစ်တွေပိုကြဦးမှာပါ။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။