Eunhyukဟာ Knowing Brothers ဆိုတဲ့ အစီအစဉ်ကို သူ့ရဲ့ Super Junior အဖွဲ့ဝင်တွေဖြစ်တဲ့  Heechul၊ Leeteuk၊ Shindong၊ Donghaeတို့နဲ့အတူလာခဲ့ပါတယ်။ အဒီအစီအစဉ်မှာ Eunhyukက သူပလတ်စတစ်ဆာဂျရီလုပ်ချင်ခဲ့ပေမဲ့ အေဂျင်စီကတားမြစ်ခဲ့တဲ့ အတွက်ကြောင့် မလုပ်ဖြစ်ခဲ့ဘူးလို့ ထုတ်ဖေါ်ပြောခဲပါတယ်။

Eunhyukဟာ Super Juniorထဲမှာ  အရပ်၊ရုပ်ရေသွင်ပြင်နဲ့ ပတ်သတ်ပြီးတော့ ဝေဖန်မှုတွေအများဆုံးခံခဲ့ရတဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။အဲဒါကြောင့်လည်း ပလတ်စတစ်ဆာဂျရီလုပ်ဖို့အတွက် စိတ်ကူးပေါက်ခဲ့တာ ဖြစ်ပါလိမ့်မယ်။

Eunhyukမှာလည်း စံနမူနာထားလောက်တဲ့ ရုပ်ရေမျိုး ပိုင်ဆိုင်ထားတဲ့ သူအားကျရတဲ့ အနုပညာရှင်ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ အဆိုပညာမှာသာမက အကပညာမှာပါထူးချွန်တဲ့အပြင် အခြားသော အရည်အချင်းတွေလည်းပိုင်ဆိုင်ထားတဲ့ Eunhyuk ကတော့ ဆာဂျရီမလုပ်လဲ Kpop လောကမှာ ယနေ့ထိတိုင် အောင်မြင်ပြီး လူချစ်လူခင်ပေါ်တဲ့ Idol တစ်ယောက်ဖြစ်နေဆဲပါ။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။