Jessica Ho က တော့ Jessi ဆိုပြီး ပရိသတ်ကြားမှာ လူသိများတဲ့ ကိုရီးယား- အမေရိကန် ရက်ပ်ပါ အဆိုတော် တစ်ယောက်ပါ။တောင်ကိုရီးယား အခြေစိုက် ရက်ပ်ပါ ၊တေးရေး တစ်ယောက် အဖြစ် ရပ်တည် နေပါတယ်။လုံးဝ ပွင့်လင်း ရိုးသားပြီး Strong ဖြစ် တဲ့ Type မျိုး ဖြစ်တဲ့ သူမကို တော့ ကိုရီးယား တင် မကပဲ အာရှတစ်လွှားမှာ ရှိတဲ့ ပရိသတ်တွေ ကပါ ချစ်ခင် ကြပါတယ်။အမေရိကန်မှာ ကြီးပြင်းခဲ့တဲ့ သူမက တော့ အသက် ၁၅ နှစ် ရောက် မှ ကိုရီးယားကို ပြန်ရောက်လာခဲ့တာပါ။လက်ရှိမှာတော့ Jessi တစ်ယောက် ဆေးရုံ ရောက် နေတယ်လို့ All Kpop ရဲ့ သတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
View this post on Instagram

ဇန်န၀ါရီ ၁၉ ရက်နေ့ တုန်းက Jessi က သူမရဲ့ IG Story မှာ တင် လိုက်တဲ့ ပုံတွေ ကြောင့် ပရိသတ်တွေ က သူမရဲ့ ကျန်းမာရေး အတွက် အရမ်း စိတ်ပူ နေပါတယ်။တင်လိုက်တာပုံတွေ က ဆေးရုံမှာ ပုလင်း ချိတ် နေရတဲ့ ပုံတွေပါ။နေ မကောင်း ဖြစ်နေတာတောင် မှ jessi က တော့ ထုံးစံ အတိုင်း “Every f**kin day”, “6 days in a row”, “How…”. ဆိုပြီး ၆ ရက်ဆက်တိုက် ပဲ ဒီလို ဖြစ် နေတယ် ဆိုပြီး စာ ပါ ရေး ထားပါတယ်။တင်ထားတဲ့ ပုံတွေ အရ တော့ သူမ ချိတ် နေရတဲ့ ဆေး တွေ က မနည်းပါဘူး။ဒါကြောင့်လည်း ပရိသတ်တွေ က စိတ်ပူ နေတာပါ။
View this post on Instagram

ဇန်န၀ါရီ ၂၀ ရက်နေ့မှာတော့ P-Nation ရဲ့ ကိုယ်စားလှယ် တစ်ယောက်က နေ Jessi ကျန်းမာရေး နဲ့ ပတ်သက်ပြီး ထုတ် ပြော လာခဲ့ပါတယ်။အစာ အိမ်ကြောင့် ဆေးရုံ တက် ပြီး ကုသ မှု ခံယူနေရ တာ ဖြစ် ကြောင်း၊ ဘာ Schedule မှ မလုပ် ပဲ လွန် ခဲ့တဲ့ ရက်အနည်းငယ်လောက်က စပြီး Jessi အမြန် ပြန် နေ ကောင်း ရေးကိုသာ အာရုံ စိုက် လုပ် ဆောင် နေ တယ်လို့ ဆိုပါတယ်။ဒီကနေ့ လောက် ဆေးရုံ ပြန် ဆင်း ရနိုင် ချေ များတယ်လို့ လည်း ကိုယ်စားလှယ်က ပြော ခဲ့ပါတယ်။
View this post on Instagram

#CELENOW