တောင်ကိုရီိးယားကို အလည်လာမယ့်Donald Trumpကို ကြို ဆိုဖို့အတွက် အိမ်ပြာတော်ကနေ နာမည်ကြီး Kpop အဖွဲ့တွေကို ဖိတ်ကြားထားပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကားရဲ့ နိုင်ငံအရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် တောင်ကိုရီးယားသမ္မတနိုင်ငံကို လာခဲ့တာဖြစ်ပါတယ်။ Donald Trumpကိုကြိုဆိုတဲ့ အခမ်းအနားကိုတော့ အိမ်ပြာတော်မှာ ပြုလုပ်မှာ ဖြစ်ပြီး နာမည်ကျော် အဆိုရှင်များစွာ လာရောက်ဖျော်ျြေဖကြမှာဖြစ်ပါတယ်။

နာမည်ကြီးအဆိုတော်တွေများစွာထဲမှာအားလုံးရဲ့ အာရုံစိုက်ခြင်းကို ခံနေရတဲ့ အဆိုတော်ကတော့ နာမည်ကျော် Wild Flowerသီချင်း ရဲ့တေးရေး၊တေးဆိုရှင် Park Hyo Shinဖြစ်ပါတယ်။

ကြိုဆိုပွဲမှာ Park Hyo Shinဟာ Wild Flowerသီချင်းကိုဖျော်ဖြေပေးရမှာ ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Wild Flowerဆိုတာဟာ အခက်အခဲတွေ ကြားထဲကနေ လှပစွာ ပွင့်လန်းလာတဲ့ ပန်းလေးဖြစ်ပါတယ်။

အဒီပန်းလိုပဲ ကိုရီးယားနဲ့ အမေရိကားဟာလည်း အခက်အခဲတွေအများကြီးကို ဖြတ်ကျော်ပြီးတော့ လှပစွာ ပွင့်လန်းနိုင်ဖို့ ဆန္ဒနဲ့ ဒီသီချင်းကို ဖျော်ျြေဖဖို့ ရွေးချယ်ခြင်း ဖြစ်တယ်လို့ အိမ့်ပြာတော်က ပြောကြားခဲ့ပါတယ်။ Wild Flowerသီချင်းဟာ တော်တော်ကောင်းတဲ့ သီချင်းအေးအေးလေးဖြစ်လို့Celenow ပရိသတ်ကြီးကိုလည်း နားထောင်ဖို့ညွှန်းလိုက်ချင်ပါတယ်။

သံစုံတီးဝိုင်းနဲ့ အတူတွဲဖက်ဖျော်ဖြေမယ့် Park Hyo Shinနဲ့ အခြား Kpop အဖွဲတွေရဲ့ ဖျော်ဖြေမှုတွေကတော့ Trumpကိုအထင်ကြီးသွားစေမှာ အသေအချာပါပဲ။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။