2NE1 ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့ CL ဟာဆိုရင်တော့ Tvn ကနေ ထုတ်လွှင့်ပြသနေတဲ့ ‘Livin the Double Life’ ဆိုတဲ့ အစီအစဉ်မှာ 2NE1 ရဲ့ ပရိသတ်တွေကို နှုတ်ဆက်တဲ့ နောက်ဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Goodbye”ကို ဘယ်လိုမျိုးရေးခဲ့တယ်ဆိုတာကို ပြောပြခဲ့ပါတယ်။

“Goodbye”သီချင်းစာသားတွေကို ပရိသတ်တွေအကြောင်းအများကြီးစဉ်းစားပြီး ၁၀မိနစ်နဲ့ရေးလို့ပြီးခဲ့တယ်လို့ CL ကပြောပြခဲ့ပါတယ်။ “ဒါပေမဲ့ အဲ့ဒီ စာသားတွေဟာ Minzy ကို ပြောချင်တဲ့ စကားတွေပါ။ တကယ်တော့ “Goodbye”သီချင်းဟာ Minzyကို ပေးတဲ့ စာတစ်စောင်ပါ”လို့ CL ကပြောခဲ့ပါတယ်။

“ဒီကိစ္စဟာ Minzy အတွက်လည်း သိပ်ကိုခက်ခဲတဲ့ အရာတစ်ခုဖြစ်မှာပါ။အမြဲတမ်း အားပေးနေမှာပါ။ “လို့ပြောပြီး ကိုယ်တစ်ဦးတည်း ရပ်တည်တော့မယ်ဆိုရင် ကောင်းကောင်း ကြိုးစားဖို့ လည်း CLက ငိုရင်းနဲ့ ပြောသွားခဲ့ပါတယ်။

၂၀၁၆ခုနှစ် နိုဝင်ဘာလမှာ2NE1 အဖွဲ့ကို  ဖျက်သိမ်းခဲ့ပြီး Minzyကတော့ ၂၀၁၆ ခုနှစ်အစောပိုင်းလောက်မှာ အဖွဲ့ကနေထွက် သွားခဲ့တာဖြစ်ပါတယ်။

Source: Kstarlive

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။