“tvN” ရုပ်သံလိုင်းကနေထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့  “Livin’ the Double Life” ဆိုတဲ့ အစီအစဉ်မှာ Big Bang ရဲ့ Taeyang၊ Oh Hyuk နဲ့ 2NE1 အဖွဲ့ဝင်ဟောင်း  CL တို့ပါဝင်ခဲ့ကြပါတယ်။

ဒီအစီအစဉ်မှာ CL ဟာ 2NE1 အဖွဲ့ကွဲခဲ့ပြီးနောက် ကယ်လီဖိုးနီးယားမှာ တစ်ယောက်ထဲရှိခဲ့တဲ့အချိန်တွေကို ပထမဆုံးအနေနဲ့ ရုပ်သံအစီအစဉ်မှာ ထုတ်ဖေါ်ပြောခဲ့ခြင်းဖြစ်ပါတယ်။

ဒီအစီအစဉ်ကနေ သူ့ရဲ့ တကယ့်ဘ၀အစစ်အမှန်ကို ပြချင်တယ်လို့လည်း CL က ပြောခဲ့ပါတယ်။ ကွဲသွားကြပြီဖြစ်တဲ့ 2NE1 အဖွဲ့အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။ “ကျွန်မအတွက်တော့ အရမ်းကိုခက်ခဲခဲ့ပါတယ်။ ဒီအရာဟာ ဒီလောက်အထိ ကျွန်မကို စိတ်ပင်ပန်းစေလိမ့်မယ်လို့ မထင်ခဲ့ဘူး”လို့ ပြောပြီးကျလာတဲ့ မျက်ရည်တွေကို သုတ်ရင်း “တက်နိုင်သလောက် 2NE1 ဆိုတာကို ဆက်ရှိနေစေချင်ခဲ့တယ်။ အဲ့ဒီကိစ္စအတွက်လည်း တာဝန်ယူချင်ခဲ့တယ်”လို့ CL ပြောခဲ့ပါတယ်။

2NE1 အဖွဲ့ဟာဆိုရင်တော့ ၂၀၁၆ နိုဝင်ဘာလမှာ သူတို့အဖွဲ့ကို တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းကို YG Entertainment ကနေ ကြေညာခဲ့ပါတယ်။ အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပေမဲ့လည်း အဖွဲ့ဝင်တွေကတော့ အရင်ကအတိုင်း ရင်းရင်းနှီနှီးရှိကြတုန်းပဲ ဖြစ်ပါတယ်။

Source:Kstarlive

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။