ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုရီးယားအနုပညာလောကမှာ စုံတွဲနှစ်တွဲထွက်ပေါ်ခဲ့ပါတယ်။နှစ်တွဲလုံးက ပရိသတ်တွေ လုံးဝ မျှော်လင့်မထားတဲ့ စုံတွဲတွေပါ။တစ်တွဲကတော့ Park Shinhye နဲ့ Choi Taejoon ဖြစ်ပြီး နောက်တစ် တွဲကတော့ Lee Dong-wook နဲ့ Suzy ပါ။အဲ့ဒီနှစ်တွဲထဲကမှ Park Shinhye ရဲ့ ချစ်သူ Choi Taejoon က တော့ အချစ်ရေးသတင်းတွေကို အတည်ပြုပြီးနောက် ပရိသတ်တွေရှေ့မှောက်ကို ထွက်ပေါ်လာခဲ့ပါတယ်။
ဒါဟာ သူနဲ့ Park Shinhye ချစ်သူတွေ ဖြစ်နေပါပြီလို့ အတည်ပြုပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူထု ရှေ့မှောက် ကို ထွက်လာတာပါ။မတ်လ(၁၂)ရက်နေ့တုန်းက Choi Taejoon က’BLACKYAK’s ရဲ့ ပွဲကို တက်ရောက် ခဲ့ပါတယ်။ဒီပွဲကိုတော့ The-K Hotel Grand Ballroom မှာ ကျင်းပခဲ့တာဖြစ်ပြီး ပွဲ အတွင်း Choi Taejoon က သူ့ရဲ့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။
ဒီပွဲကတော့ BLACKYAK’ Brand ရဲ့ (၄၅)နှစ်မြောက် နှစ်ပတ်လည်နေ့လေးပါ။အဲ့ဒီနေ့မှာတော့ Choi Taejoon က မီးခိုးရောင် T Shirt နဲ့ ဂျက်ကက်ကို ၀တ်ဆင်ထားပါတယ်။အောက်ပိုင်းမှာတော့ navy ရောင် Pant ဘောင်းဘီ ကို ၀တ်ဆင်ထားပါတယ်။
source kstarlive