“ဟေမန်ဆောင်းရဲ့ ချစ်သံဇဉ်”၊”အချစ်လှေကားထစ်လေးများ” ဆိုတဲ့ ဇာတ်ကားတွေနဲ့ မြန်မာပရိသတ်တွေ ကြား နာမည်ကြီးခဲ့သူလေးပါ။The Suspicious Housekeeper (2013) ၊ Temptation (2014) ၊ Twenty Again (2015) ၊ Woman with a Suitcase (2016) အစရှိတဲ့ဇာတ်ကားတွေနဲ့ အရမ်းကို နာမည်ကြီးခဲ့သူပါ။ ပရိသတ်အချစ်တော် မင်းသမီး Choi Ji Woo  ကတော့ အသက် (၄၂)နှစ်မှာ ချစ်ရသူနဲ့ ရွှေလက်တွဲလိုက်ပါပြီ။

မင်္ဂလာပွဲအကြောင်းကို မတ်(၂၉)ရက်နေ့က အသိပေးခဲ့တာပါ။ သူမရဲ့ ရုတ်တရက်မင်္ဂလာသတင်း ကြောင့် ပရိသတ်တွေ လည်း အတော်လေးအံ့သြခဲ့ပါတယ်။သူမ လက်ထပ်လိုက်ပြီဖြစ်ကြောင်း၊လက်ထပ်လိုက်တဲ့ အမျိုးသား ဟာ ဆယ်လီမဟုတ်တဲ့ အပြင်လူတစ်ယောက်ဖြစ်ကြောင်း နဲ့ မင်္ဂလာပွဲကို Private ပွဲ၊ရင်းနှီးတဲ့ ဆွေမျိုးတွေ၊မိသားစုဝင်တွေနဲ့ပဲ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

 

မင်္ဂလာသတင်းထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ သူမရဲ့ အေဂျင်စီ YG Entertainment  ကနေ Choi Ji Woo  ရဲ့ မင်္ဂလာ ပွဲ ပုံတွေကို ဝေမျှပေးလိုက်ပါတယ်။အေဂျင်စီကနေ “Choi Ji Woo ရဲ့ မင်္ဂလာပွဲ အတွက် ဂုဏ်ပြု ပေးသူအား လုံးကို ကျေးဇူးတင်ကြောင်း၊ မင်္ဂလာပွဲကို မတ်(၂၉)ရက်နေ့က အောင်အောင်မြင်မြင် အဆင်ပြေပြေ ကျင်းပပြီးစီးခဲ့ကြောင်း၊မိသားစုဝင်တွေကလည်း တက်ရောက် ကောင်းချီးပေးခဲ့တယ် လို့ ပြောခဲ့ပါတယ်။

source soompi