ရုပ်ရှင်သရုပ်ဆောင်မင်းသမီး Cho Yoonhee က သူမရဲ့မူလရည်ရွယ်ချက်ထဲမှာ ကလေးမွေးဖို့မပါဘူးဆိုပြီး ပြောပြခဲ့ပါတယ်။ မကြာသေးခင်ကပဲ Cho Yoonhee ဟာ SBS တီဗီရှိုးတစ်ခုဖြစ်တဲ့ About Pet မှာ ပါဝင်ခဲ့တာပါ။ ရှိုးထဲမှာတော့ Yoonhee က ခွေးတွေနဲ့ ၃၇လသားအရွယ် သူမသမီးအကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

Yoonhee က “ကျွန်မအခုထိ အစွန့်ပစ်ခံခွေးလေး ၁၄ကောင်ကို မွေးဖူးပါတယ်။ ဒါ ခွေးတွေကို ကျွန်မဘယ်လောက်ထိချစ်တယ်ဆိုတာပါပဲ။ ကျွန်မအမြဲတမ်းစဉ်းစားတယ်။ တကယ်လို့ လက်ထပ်ဖြစ်ရင်တောင် ကလေးမယူဘူး။ ခွေးတွေပဲမွေးမယ်ဆိုပြီး တွေးခဲ့တာပါ။ အဲ့ဒီအတွေးက တော်တော်ကြာတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ စိတ်ကူးပြောင်းပြီး ကလေးမွေးဖြစ်ခဲ့တာ။”

 

View this post on Instagram

 

A post shared by Kdramas (@koreandramas.__)

“ကျွန်မသမီးက တိရစ္ဆာန်လေးတွေကို ကူညီရတဲ့အလုပ်နဲ့ပတ်သက်ပြီး အသက်မွေးဝမ်းကြောင်းပြုလိမ့်မယ်လို့ ခံစားမိနေတယ်။ အကူအညီလိုနေတဲ့တိရစ္ဆာန်လေးတွေကို ကူညီပေးမယ့် သမီးလေးရဲ့အနာဂတ်ကို ကျွန်မမြင်ချင်မိတယ်။ သူတို့လေးတွေအတွက် သမီးလေးက ကောင်းတဲ့အရာတွေဖြစ်စေမှာပါ။” လို့ဆိုပါတယ်။

မေလ ၂၀၁၇ မှာတော့ Cho Yoonhee နဲ့ သရုပ်ဆောင်မင်းသား Lee Dong Gun တို့က သူတို့ဟာ သမီးမိန်းကလေးကိုယ်ဝန်လွယ်ထားပြီဆိုပြီး ကြေညာခဲ့တာပါ။ ပြီးတဲ့နောက် လက်ထပ်ခဲ့ကြပြီး မနှစ်တုန်းကတော့ ကွာရှင်းခဲ့ကြကြောင်လည်း SBS News အရ သိရပါတယ်။

CeleNow