ကမ္ဘာကျော် အဆိုတော်တွေဖြစ်ကြတဲ့  Charlie Puth နဲ့ BTS အဖွဲ့ဟာဆိုရင်တော့ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကို တွစ်တာ ကနေ တစ်ဆင့် ဖေါ်ပြလေ့ရှိတဲ့သူတွေပါ။ ဒီတစ်ခါမှာတော့ Charlie Puthက BTSအဖွဲ့ကို တွစ်တာမှာ “Yo @BTS_twt …DMs!!” ဆိုပြီး  တွစ်တာက မက်ဆေ့ဘောက်စ်ကို စစ်ကြည့်ဖို့သတိပေးလိုက်ပါတယ်။

Charlie Puth ရဲ့  “Yo @BTS_twt …DMs!!”ဆိုတဲ့စာဟာ like လုပ်သူပေါင်း ၁သိန်းကျော်ရှိခဲ့ပြီး retweet လုပ်တဲ့သူပေါင်း  ၆သောင်းကျော်ရှိခဲ့ပါတယ်။

 

Charlie Puth နဲ့ BTS တို့ရဲ့ ခင်မင်မှုကတော့ Charlie Puth နဲ့ Selena တို့သီဆိုထားတဲ့ “We Don’t Talk Anymore” သီချင်းကို BTS  အဖွဲ့ဝင် Jungkookက  cover ပြန်ဆိုခဲ့ကတည်းကစတင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာလည်း Charlie Puth နဲ့ BTSတို့ဟာ တွစ်တာ အချင်းချင်းခင်မင်မှုတွေကို ပြသခဲ့ပြီး အင်တာဗျူးတစ်ခုမှာလည်း Charlie Puthက BTS ရဲ့ သီချင်းတွေကို ဘာကြောင့် ကြိုက်တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

Charlie Puth နဲ့ BTSတို့ အတူတူဖျော်ဖြေကြဖို့ကိုတော့ ပရိသတ်တွေက စောင့်စားနေကြပါပြီ။

Source: soompi

CelenowTeam မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။