မကြာသေးခင်က မိတ်ဆက်လိုက်တဲ့ Prada ရဲ့ Linea Tossa collection အတွက် အနုပညာရှင်စာရင်းမှာ Exo’s Chanyeol လည်းပါဝင်ခဲ့ပါတယ်။ အစက ၃ ဦးပဲ ကြေညာထားရာက Chanyeol ပါပါဝင်လာတာဖြစ်တဲ့အတွက် ပရိတ်သတ်တွေ Surprise ဖြစ်ခဲ့ရတာပါ။ Prada ရဲ့ Billboard တွေမှာရော ကြော်ငြာတွေမှာပါ Chanyeol ပုံတွေပဲသုံးထားတဲ့အတွက် ပရိတ်သတ်တွေ အံ့သြ ၀မ်းသာနေကြကြောင်းကို allkpop ကဖော်ပြထားပါတယ်။

နာမည်ကြီးနေတဲ့ Chanyeol ရဲ့ Billbord ကြော်ငြာကတော့ New York နားက Soho ပြည်နယ်မှာပါ။ Fashion မြို့နယ်ကြီးလို့ လူသိများတဲ့ ဒိတ်ဒိတ်ကြဲနေရာမှာဖွင့်ထားတဲ့ Prada ဆိုင်ပါ။ Prada ကရွေးချယ်ထားတဲ့ အနုပညာရှင် ၃ယောက်နဲ့အတူ Chanyeol ပုံကိုပါ Billbord အကြီးကြီးနဲ့ပြသထားတဲ့အတွက် ဓာတ်ပုံ၊ ဗီဒီယိုတွေ လာရိုက်တဲ့ ပရိတ်သတ်တွေနဲ့ စည်ကားနေပါတယ်တဲ့။

ပရိတ်သတ်တွေစပြီး သတိထားမိစေခဲ့တာကတော့ နာမည်ကျော်မော်ဒယ် Bella Hadid နဲ့ Hailey bieber တို့တင်လိုက်တဲ့ Instagram story ကြောင့်ပါ။ Prada Billbord မှာပါဝင်ခဲ့တဲ့ သူမရဲ့ သူငယ်ချင်းတွေကို ဂုဏ်ပြုစကားပြောပြီး တင်ထားခဲ့တာပါ။

Chanyeol ရဲ့fan တွေကတော့ ဒီလိုဒိတ်ဒိတ်ကြဲ မော်ဒယ်တွေနဲ့ တန်းတူ Billbord မှာပါဝင်ခဲ့တဲ့ သူတို့ရဲ့ idol အတွက် ဂုဏ်ယူဝမ်းသာနေကြပါတယ် ။ Chanyeol အပြင် ဘယ် idol တွေကလည်း surprise လုပ်ပြီး ပါဝင်သွားမလဲဆိုတာလည်း ရင်ခုန်စရာပဲနော် …

#CELENOW