ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးဆယ်လီစုံတွဲထဲမှာ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပတဲ့သူတွေရှိသလို ခမ်းနားကြီးကျယ်မှုတွေကို မမက်မောဘဲ ရိုးရှင်းတဲ့ မင်္ဂလာပွဲလေးကိုပဲ ကျင်းပခဲ့ကြသူတွေလည်း ရှိပါတယ်။ မင်္ဂလာဆောင်တယ်၊ လက်ထပ်တယ်ဆိုတဲ့နေရာမှာ ဈေးကြီးတဲ့ လက်ထပ်လက်စွပ်ရှိမှ၊ ခမ်းနားတဲ့ ခန်းမရှိမှ၊ တန်ဖိုးကြီး သတို့သား သတို့သမီးဝတ်စုံတွေရှိမှ၊ ဧည့်ပရိသတ်တွေ အများကြီးရှိမှ…ဆိုတာတွေဟာ တကယ်တော့ အရေးမကြီးဘဲ အချစ်မှာ အ ချစ်ပဲလိုကြောင်း သက်သေပြခဲ့ပြီး ပကာသနမဲ့ လက်ထပ်ပွဲလေး ကျင်းပခဲ့သူတွေကတော့…
(1) Narsha & Hwang Tae Kyung
Brown Eyed Girls ရဲ့ အဖွဲ့ဝင် အဆိုတော် Narsha နဲ့ သူမရဲ့ ခင်ပွန်း wang Tae Kyung တို့ဟာ မင်္ဂလာပွဲကို အရှေ့အာဖရိကမှာရှိတဲ့ Seychelles ဆိုတဲ့ကျွန်းငယ်လေးမှာ ကျင်းပခဲ့တာပါ။
(2) Kim Moo Yeol & Yoon Seung Ah
မင်းသမီး Yoon Seung Ah နဲ့ မင်းသား Kim Moo Yeol တို့ဟာ ဟန်မြစ်ကိုမြင်ရတဲ့ စားသောက်ဆိုင်လေးမှာပဲ လက်ထပ်ပွဲကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
(3) Actor Bong Tae Kyu & Hasisi Park
သူတို့စုံတွဲကတော့ ဆိုးလ်မှာရှိတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ outdoor မှာ လက်ထပ်ပွဲဆင်နွှဲခဲ့တာပါ။ ဒါပေမယ့် တခြားဆယ်လီတွေလို ခမ်းနားမှုတွေကို မကြိုက်လို့ ဒီလိုဆောင်ရတာမဟုတ်ပဲ ငွေကြေးမတတ်နိုင်လို့ပါလို့ ပွင့်ပွင့်လင်းလင်း ၀န်ခံခဲ့ပါတယ်။
(4) Ku Hye Sun & Ahn Jae Hyun
ပရိသတ်အချစ်တော် ဒီစုံတွဲကတော့ မင်္ဂလာပွဲမကျင်းပပါဘူး။ မင်္ဂလာပွဲကျင်းပပြီး ကုန်ရမယ့် ငွေတွေကို ကလေးဆေးရုံကို လှူဒါန်းခဲ့ပါတယ်။ မိသားစုတွေနဲ့ ညစာစားခဲ့ကြပါတယ်။ ဒါကတော့ ခမ်းနားကြီးကျယ်မှုတွေကို မလိုလားတဲ့ သူတို့ရဲ့ လက်ထပ်ပွဲလေးပါ။
5.Park Hwi Soon & Park Ye Jin
ဟာသအနုပညာရှင် Park Hwi Soon နဲ့ မင်းသမီး Park Ye Jin တို့ကတော့ မင်္ဂလာပွဲတောင်မကျင်းပခဲ့ပါဘူး။ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုး၊ လက်ထပ်ပြီးကြောင်း မှတ်ပုံတင်ရုံပဲလုပ်ခဲ့ပါတယ်။ လက်ထပ်ပြီး တစ်နှစ်ပြည့်မှ တစ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ပွဲဆိုပြီး သူငယ်ချင်းတွေနဲ့အတူ စားသောက်ဆိုင်မှာ ညစာပါတီလေးလုပ်ခဲ့ပါတယ်။
6.Yoon Jin Seo
မင်းသမီး Actress Yoon Jin Seo ကတော့ ဆယ်လီမဟုတ်တဲ့ အပြင်လူနဲ့ လက်ထပ်ခဲ့တာပါ။ မင်္ဂလာပွဲကို ဂျယ်ဂျူကျွန်းက အိမ်ခြံဝင်းလေးထဲမှာပဲ ကျင်းပခဲ့တာပါ။
7. Kim Na Young
Variety star တစ်ယောက်ဖြစ်တဲ့ Kim Na Young ကလည်း ဂျယ်ဂျူကျွန်းမှာပဲ လက်ထပ်ခဲ့တာပါ။ မိဘတွေတောင် မပါပါဘူး။ ဧည့်ပရိသတ် သူငယ်ချင်း(၁၀)ယောက်နဲ့ပဲ ကျင်းပခဲ့တာပါ။
8. Won Bin & Lee Na Young
မင်းသား Won Bin နဲ့ Lee Na Young တို့ကလည်း ပကာသနမဲ့ လက်ထပ်ခြင်းနဲ့ပေါင်းဖက်ခဲ့ကြသူတွေပါ။ Won Bin ရဲ့ မွေးရပ်မြေ Jungsun မှာရှိတဲ့ ဂျုံစိုက်ခင်းထဲမှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။ သူတို့မင်္ဂလာဆောင်ခဲ့တဲ့နေရာလေးဟာ Won Bin တို့ လက်ထပ်ပွဲကျင်းပလိုက်တာကြောင့် ခရီးသွားဧည့်သည်တွေ လာရောက်တဲ့ နေရာတစ်ခုအဖြစ်ပြောင်းလဲခဲ့ပါတယ်။
9. Lee Hyori & Lee Sang Soon
အဆိုတော် လီဟိုရီနဲ့ သူမရဲ့ခင်ပွန်းတို့ရဲ့ မင်္ဂလာပွဲကိုတော့ ဂျယ်ဂျူးကျွန်းက ပန်းခြံမှာ ကျင်းပခဲ့တာပါ။ လီဟိုရီရဲ့ သတို့သမီးဝတ်စုံဟာဆိုရင် ထိုင်းကိုသွားတုန်းက၀ယ်လာတာဖြစ်ပြီး အမေရိကန်ဒေါ်လာ (၈၇)ဒေါ်လာလောက်ပဲ ရှိပါတယ်။
10. Kim Tae Hee & Rain
ဘုရားကျောင်းလေးမှာပဲ လက်ထပ်ခဲ့ကြတာပါ။ ဧည့်သည်ေတွ အများကြီး မပါပါဘူး။ Kim Tae Hee ရဲ့ ၀တ်စုံကတော့ ဘယ်နာမည်ကြီး ဒီဇိုင်နာရဲ့ ၀တ်စုံမှ မဟုတ်ပါဘူး။ သူမကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ ၀တ်စုံလို့သိရပါတယ်။
REF;Soompi